Professional Authors

အချစ်ရဲ့ သန်းခေါင်ယံ

အချစ်တဲ့လား..။
ခဏတာချစ်ခွင့်ရခဲ့ပေမဲ့
တစ်ဘ၀စာဖြစ်ခဲံပြီလေ….။
ငါတို့နှစ်ယောက်
တွေ့နေတုန်းက မသိသာခဲ့ပေမဲ့
ဝေးကြပြန်တော့ အချိန်တွေက
ကြာလိုက်တာကွယ်…….။
မင်းရှိမဲ့နေရာလေးကို မှန်းဆ
လွမ်းရတဲ့ဒဏ်ရာ
မသက်သာပါလား…….။
ဝေဒနာတွေမျိုသိပ်
အလွမ်းတွေဘေးဖယ်ပြီး
မင်းဆီကိုပြေးလာချင်တာပေါ့
လာခွင့်မှမရှိတာ……။
မင်းအကြောင်းတွေးမိတိုင်း
ရင်မောလို့ မတွေးပြန်ရင်လည်း
ခေါင်းထဲဝင်လာတယ်……။
ငါတို့နှစ်ယောက် ဝေးကွာချိန်က
သန်းခေါင်ယံအချိန်ဆိုရင်
ပြန်ဆုံချိန်ရောက်တဲ့အထိ
မျှော်လင့်အိပ်မက်တွေမက်ရင်း
သန်းခေါင်ယံကို
ဖြတ်ကျော်ရအောင်
အားတင်းထားပါ
ချစ်သူရေ….။
                       မှော်အိမ်မက်
                     

In: ကဗျာ Posted By: Date: Jun 6, 2012
Comment #1

hint,, 🙁
hint,, 🙁
miss so muchhhhhhhhhhhhh

commentinfo By: ei lay at Jun 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment