Professional Authors

magicdream87's Profile

Member Since: Jun 03, 2012
My masterpiece: 4
Masterpieces of others: 0
Total Comments: 0
Messenger:2
About Me: ရင်ခုန်ုသံ ကျွန်တော်မှာ ရင်ခုန်သံက တစ်ဖက်သက် ရင်ခုန်သံဖြစ်နေတယ်။အဲဒီ ကောင်မလေးက ကျွန်တော်ကို အရမ်းမုန်းနေတယ်။ဒါပေမဲ့ ကျွန်တော်က အရမ်းချစ်နေတယ်။ ကောင်မလေးကို ကျွန်တော် ပြောစရာတွေရှိနေတယ်။ကောင်မလေးက နားမထောင်ဘူး။အဲ့ဒါနဲ့ပဲ ကျွန်တော် စိတ်ထဲရှိတာကို စာစီပြီး သိမ်းထားတယ်။အဲဒါကို အခု ဆယ်ကျော်သက် ရဲ့ ရေးကြည်ပါ အစီအစဉ်က တစ်ဆင့် ရင်ဖွင်လိုက်ပါတယ်။ ကောင်မလေးရေ မင်းမသိတော့ဘူး မဟုတ်လား။ သိလည်းမသိခဲ့ဘူးမဟုတ်လား။ ငါ့ရင်ထဲကို မင်းမှမကြည့်တတ်ခဲ့တာ ငါမအံသြပါဘူး။ ညဘက်တွေဆိုရင် မင်းပုံလေးတွေကြည့် မင်းနဲ့ပတ်သတ်တဲ့ ကဗျာတွေရေး မင်းအကြောင်းတွေ တွေးရင်းနဲ့ မင်းကိုညတိုင်း သတိရနေခဲ့တယ်။ လက်ဘက်ရည်ဆိုင် ထိုင်ရင်တောင် မင်းအကြောင်း တွေးရင်းနဲ့ သီချင်းဖွင့်တဲ့ ဆိုင်မှာပဲထိုင်ဖြစ်တယ်။ သူငယ်ချင်း တွေကိုလည်း အမြဲတန်း ရင်ဖွင်နေမိတယ်။Internet သုံးရင်လည်း face book ပေါ်မှာ မရှိမှန်းသိသိနဲ့ မင်းကို ရှာနေမိတယ်။ ငါ တစ်ခါတစ်လေ တွေးမိတယ်။ မင်းရင်ထဲမှာ ချစ်တတ်တဲ့ အသဲနှလုံးမှ ရှိရဲ့လားလို့ပါ။မင်းနဲ့ပတ်သတ်တဲ့ အမှတ်တရအများကြီးပါကွာ။ဒါပေမဲ့ ငါပြန်ရခဲ့တာ မင်းရဲ့အမုန်းတွေလေ။ငါကျေနပ်ပါတယ်။မင်းနဲ့ပတ်သက်တဲ့ဘာပဲဖြစ်ဖြစ်ငါသိမ်းထားမှာပါ။ဘယ်တော့မှ မင်းအချစ်ကိုမရဘူး တဲ့လား ကောင်မလေးရယ်။ငါဝမ်းနည်းလိုက်တာ။ဘာပဲဖြစ်ဖြစ်လေ။ မင်းငါ့ကို အလွမ်းတွေ ပေးရင် အဲ့ဒီ အလွမ်းတွေကို သီကုံးပြီး ဆင်မြန်းထားမှာပါ။ဒါမှမဟုတ် အချစ်တွေပေးရင် ငါတစ်သက်လုံး ကြင်နာ ယုယ စွာနဲ့ထွေးပွေ့ထားမှာပါ။ 20.10.2009 ကဗျာဆိုတာ ၊ လူတိုင်းရဲ့ရင်ထဲက ခံစားချက်တွေကို သိမ်းဆည်းပေးတဲ့ရသတစ်ခုပါ။ ဖွင့်ပြောလိုရတဲ့ ခံစားချက်နဲ့ ဖွင့်ပြောမလိုရတဲ့ ခံစားချက် ဆိုပြီး ခံစားချက် နှစ်မျိုးရှိတယ် ။ မင်းရင်ထဲကဖွင့်ပြောလို့မရတဲ့ ခံစားချက်တွေကို ရင်ဖွင့်နိုင်ဖို့ ငါပေးတာပါ။ မင်းရဲ့(၂၃)နှစ်ပြည့်တုန်းက ငါပေးခဲ့တဲ့ စာအုပ်ထဲမှာရေးပေးခဲ့တဲ့ လက်ဆောင်ကဗျာလေ။ မင်းရဲ့မွေးနေ့က (၁၃) ရက်နေ့က ဆိုပေမဲ့ ငါ(၂၀) ရက်နေ့မှပေးဖြစ်တာ။ ငါကျေနပ်ပါတယ်ကောင်မလေးရယ်။ 13.10. 2010 ကောင်မလေးရေ မင်းအသက်(၂၄) နှစ်ပြည့်မွေးနေ့မှာ ငါလက်ဆောင်ပေးဖို့ တော်တော်ခက်သွားတယ်။မင်းငါ့ကိုစိတ်ဆိုးနေခဲ့တယ်လေ။ ဒါပေမဲ့ ငါရအောင်ပေးခဲ့တယ်။ပို့စကတ်(hand made)လေးတစ်ကဒ် နဲ့ငါမရရအောင်ရှာထားတဲ့ မင်းဓာတ်ပုံလေးကို ဖန်ခွက်လေးထဲထည့်ပြီးပေးဖို့ ငါရောက်အောင် လာခဲ့တယ်။ဒါပေမဲ့ ကံပြဇာတ်ဆရာရဲ့ ကြိုးဆွဲတဲ့အတိုင်းငါတို့ဝေးခဲ့တယ် ကောင်မလေးရယ်။မင်းငါ့ကို ကတိတစ်ခုတောင်းခဲ့တယ်။ နောက်ထပ် မနှောင့်ယှက်ပါဘူး၊ဘာမှထပ်မပေးဘူး ဆိုရင် ငါပေးတဲ့လက်ဆောင်ကို မင်းလက်ခံမယ်လို့ ကြားခံနဲ့မင်းပြောလာခဲ့တယ်။ ငါလက်ခံခဲ့ပါတယ်ကွာ။ မင်း ပြောတဲ့စကားလို့သတ်မှတ်ပြီး ငါယုံခဲ့တယ်။နောက်ထပ်မင်းမမြင်အောင် ရှောင်ပေးခဲ့ပေမဲ့ မင်းကို ငါ့ရင်ထဲက ထုတ်လို့မရနှိုင်ခဲ့ဘူး။ထုတ်လည်းမထုတ်ခဲ့ပါဘူးကောင်မလေးရယ်….။ 13.10.2011 ကောင်မလေးရေ။အဲဒီနေ့ရောက်ရင်ရော ငါဘာလက်ဆောင်ပေးရင်ကောင်းမလဲ။ ငါတွေးမိနေပြန်ပြီကွာ။