Professional Authors

သန်းခေါင်ယံ

အတွေးတွေ ငေါင်တောင်တောင်နဲ့
ယောင်ခြောက်ဆယ် ခြေလှမ်းတို့ စ
ဖြတ်မရတဲ့အလွမ်းတွေထဲ
အစွဲအလမ်းကြီးစွာ….ဆွေးတတ်ခဲ့
သတိတရနဲ့…..လှမ်းကြည့်လိုက်တော့
ဒီညမှာ..နေပျောက်ခဲ့..ကျွန်တော်..သန်းခေါင်ယံထဲ လမ်းလျှောက်ထွက်မိတာပဲ။
မှိတ်စက်ခြင်းတွေကွယ်ပျောက်
ခုံမင်တဲ့ အိပ်ပျက် တွေးတို့ ထိုးဖောက်
အချစ်မရောက်ဘဲ ကမ်းနေတဲ့ လက်
တစစနဲ့ ပဲကြွေ..ကြယ်တွေသာ ဖြစ်နေခဲ့ရင် ဆုတောင်းတချို့ ပြည့်ခဲ့မှာ။
ဟိုးးးးးးဝေးဝေးလည်း မမြင်
နီးနီးလေး လည်း ကန်း
မှန်းမှန်းပြီး လွမ်းလိုက်ရတာ……နွမ်းသွားလိုက်တဲ့အတိတ်တို့
ဆွေးလေ…တွေးလေ…တွေးလေ..ဝေးလေ
အမှတ်တရ…နဲ့ ……ငေးမိတော့
သန်းခေါင်ယံရဲ့ အထီးကျန် မျက်ဝန်းတဖက်..လ၀န်း တောင်..မစက်ဘူး။
ရှေ့မဆက်တဲ့ အနာဂတ်တွေ
အပျက်ပျက်နဲ့..ခြွေချ….လမ်းတွေသာ ဖြစ်ခဲ့ရင်
အချစ်ဆီ..အရောက် လှမ်းဖြစ်လောက်ရဲ့
ခုတော့..ဒီည…အရင်က အတိုင်းပဲ
စိုမယ့် စိုခဲ့ အလွမ်း
ငိုမဲ့ငို ခဲ့ တမ်း…………ချော့တေးမဲ့တဲ့မိုး
အငြိုးတကြီးနဲ့ ရွာချ……..ဒီအချိန်ဆို လာလာသည်းတတ်လွန်းတယ်
……………………….
………………………………….
……………………………………
သတိတရ နဲ့……………..
လှမ်းငေးမိတော့
…..နေပျောက်ကွယ်..တဲ့..ဒီည..သန်းခေါင်ယံချိန်ရောက်ခဲ့ပြီပဲ။
အိပ်မရတာ…………များ ခဲ့ ပြီ။     
In: ကဗျာ Posted By: Date: Jun 1, 2011
Comment #1

အချစ်မရောက်ဘဲ ကမ်းနေတဲ့ လက်
တစစနဲ့ ပဲကြွေ..ကြယ်တွေသာ ဖြစ်နေခဲ့ရင် ဆုတောင်းတချို့ ပြည့်ခဲ့မှာ။

မမိုး….အားပေးသွားတယ်

commentinfo By: poem.poem28 at Jun 1, 2011
Comment #2

စိုမယ့် စိုခဲ့ အလွမ်း
ငိုမဲ့ငို ခဲ့ တမ်း…………ချော့တေးမဲ့တဲ့မိုး
အငြိုးတကြီးနဲ့ ရွာချ……..
ဒီအချိန်ဆို လာလာသည်းတတ်လွန်းတယ်
……………………….
………………………………….
……………………………………
သတိတရ နဲ့……………..
လှမ်းငေးမိတော့
…..နေပျောက်ကွယ်..တဲ့..ဒီည..
သန်းခေါင်ယံချိန်ရောက်ခဲ့ပြီပဲ။
အိပ်မရတာ…………များ ခဲ့ ပြီ။ ။

Comment #3

ဘ၀တူတွေမို့ အိပ်ပါ သူငယ်ချင်းရယ်လို့ ချော့သိပ်ဖို့ စကားတွေ ထွက်ကျမလာဘူး……..
အဲ့ဒီတော့
(ချော့တေးမဲ့တဲ့မိုး
အငြိုးတကြီးနဲ့ ရွာချ……..ဒီအချိန်ဆို လာလာသည်းတတ်လွန်းတယ်။)
အံကြိတ်ပြီးသာ ခံရမှာပဲလို့ ပြောပါရစေ…….

commentinfo By: Star at Jul 26, 2011
Comment #4

ဟုတ်ကဲ့ပါ..ကျေးဇူးအထူးတင်ရှိပါတယ်……ကျေးဇူးပါ

commentinfo By: အသဲကွဲမိုး at Jul 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment