Professional Authors

သန်းခေါင်ယံ ည တစ်ညရဲ့ အချစ်မဲ့ ကဗျာ တပုဒ်

 

ဒီကဗျာကို…

ဇန်န၀ါရီလ ရဲ့…..

အအေးဓါတ် လျှော့နေတဲ့…

စနေနေ့ရဲ့ ညတစ်ညမှာ……

ငါ ထိုင်ပြီးရေးခဲ့တယ်…..

အပြင်မှာ ခွေးတွေက ဟောင်လို့…..

 

(၁)

မဟောင်းသေးတဲ့ နှစ်တစ်နှစ်…..

နှစ်သစ်ရဲ့ ဒုတိယမြောက်လမှာပေါ့…..

အမှတ်တရဆိုတဲ့ နှုတ်မရတဲ့ သစ်ပင်တစ်ပင်…

ငါ့နှလုံးသားမှာ စိုက်ထူခဲ့တယ်…

အဲ့နေ့….

ဖေဖော်ဝါရီလရဲ့ ၁၄ ရက်နေ့….

 

နားလည်မှုတွေ

ယုံကြည်မှုတွေ…..

ပေးခဲ့တဲ့ ကတိတွေ…..

ထားခဲ့တဲ့သစ္စာတွေ…..

အဲ့နေ့ က စလို့….

အချစ်ဆိုတာကို ငါခံစားခဲ့မိတရ်…..

ပထမ ဆုံး  အနေနဲ့ပေါ့…..


တစ်လပြည့်ခဲ့ပါပြီ…
နှစ်ဦးနဲ့နွေလေရူးလေးတွေ…..
တသုံသုံတိုက်ခက်နေတဲ့…..
မတ်လ ရဲ့ လ၀က်မှာတော့…..
ရင်ထဲမှာ စိုးထိတ်…..
အသက်ဆိုတာကို တစ်ဝက်လောက် နှုတ်ယူသွားတဲ့…..
အကြီးမားဆုံး ကိစ္စကြီး တစ်ခု…..
လက်မခံချင်ပေမဲ့ ငါ ကြားခဲ့တယ်…..
သူမ…..
ကျန်းမာရေး မကောင်းဖူးတဲ့…..
ငါ…..
စိုးရိမ်စိတ်နဲ့ ဆုတောင်းနေခဲ့မိတယ်…..

ဧပြီလရဲ့အစ…..
ကျေးငှက်တို့ နိုးထတဲ့ အချိန်…..
ဆေးရုံက ဆင်းလာတဲ့ သူမဆီ…..

ငါ မပြေးရုံတမယ် သွားမေးခဲ့မိတရ်…..
“စိုးရိမ်စရာမရှိပါဖူး”တဲ့…..
အပျော်ဆုံးနေ့တွေထဲမှာ…..
တစ်ရက်တော့ မှတ်တိုင်ထူ သွားခဲ့တယ်လေ…..

နှစ်သစ်ရဲ့အစ…..
နှစ်ကူး လို့ ခေါ်ချင် ခေါ်ပါ…..
အပျော်ဆုံးပွဲတော် ဆိုတာ…..
ငြင်းချက်မထုတ်နိုင်တဲ့…..
မြန်မာတို့ရဲ့ ချစ်စရ သင်္ကြန်…..
ပိတောက်တွေနဲ့ ခြယ်လှယ် ထားတဲ့ သင်္ကြန်…..
သူမနဲ့ငါ ပျော်ပျော်ကြီး ဖြတ်သန်းခဲ့ရ်…..
ပထမဆုံး အနေနဲ့…..
သူမရဲ့ ခပ်ပါးပါး နှုတ်ခမ်း တစ်စုံကို…..
ငါ ရင်ခုန်စွာနဲ့ ပိုင်ဆိုင်ခွင့်ရခဲ့တယ်…..
သံယောဇဉ်ကြိုးတွေလဲ ပိုပြီး နှောင်ဖွဲ့ခဲ့မိတယ်…..

(၂)
သင်္ကြန်ကြီးလဲ လက်ပြသွားပြီ…..
ပိတောက်တွေလဲ နှုတ်ဆက်သွားပြီ…..
လေနုအေးလေးတွေတောင် ခပ်သုန်သုန်မတိုက်တော့တဲ့…..
မေလရဲ့ အစနဲ့အတူ…..
ရော်ရွက်ဝါလေးတွေလဲ ခုန်ပေါက် လိုက်ပါလာခဲ့ကြတယ်လေ…..

နွေဦးရဲ့ သင်္ကေတ…..
ခပ်ကြမ်းကြမ်း တိုက်ခက်တက်တဲ့…..
နွေးတေးတေး လေပူလေးတွေနဲ့…..
ခပ်ရှရှ ရှပ်တိုက်ပြေးသွားတဲ့…..
ခပ်နွမ်းနွမ်း သစ်ရွက်ခြောက်လေးတွေအကြား…..
ပူလောင်ခြင်းဆိုတဲ့ ဒုက္ခတွေလဲ…..
မသိမသာနဲ့ မှေးပြီး လိုက်ပါခဲ့ကြပါတယ်…..

အမှားဆိုတာ သိပါတယ်…..
အမှန်ဖူးဆိုတာ လဲ သိနေတယ်…..
မဟုတ်ပဲ ပြောမိတဲ့ ငါ့ စကား တစ်ခွန်း…..
မဖြစ်သင့်ပဲ ဖြစ်ခဲ့ရတဲ့ ကိစ္စတွေအကြား…..
နောင်တ ဆိုတဲ့ စကားလေးနှစ်ခွန်း…..
လက်ပိုက်ပြီးတော့ ခပ်ပြုံးပြုံးလေး ရပ်နေကြလေရဲ့…..

မုန်တိုင်းထန်တဲ့လ လိုပဲ ခေါ်ခေါ်…..
ဂျွန်လ လို့ပဲ ခေါ်ခေါ်…..
ဘယ်လိုပင် ပဲ ခေါ်နေပါစေ…..
ငါ့အတွက်တော့…..
အမှားတွေနဲ့ ပြည့်နေတဲ့…..
ပြဿဒါးလ လို့ပဲ ကင်ပွန်းတပ်ပါရစေ…..

တစ်ပတ်မှာ ၅ ရက် စကားများကြတယ်…..
၂ ရက် က မတွေ့ဖြစ်ကြဖူး…..
အမြဲတမ်း ပြဿနာ တက်လို့လား တော့ မသိဖူး…..
အနာဂတ်ဆိုတာ ငါ့အတွက်တော့…..
ကြောက်စရာ ပုံပြင်တပုဒ်လိုပဲ…..
နားထောင်ရမှာ ကြောက်လာခဲ့တယ်…..
ကံကြမ္မာရယ်…..
ငါ့ဘက်မှာ တစ်ခြမ်းလောက်ပဲ ရပ်နေပေးစမ်းပါ…..
ငါ တောင်းဆိုနေပါတယ်…..

ဂျူလိုင်လ…..
သူမနဲ့ ပတ်သပ်တဲ့…..
ဒိုင်ယာရီတစ်အုပ်…..
ငါလုံးဝ ပြည်ဖုံးကာချလိုက်ခဲ့တယ်…..
မှတ်မှတ်ရရ…..
မအေးမပူတဲ့…..
ခပ်ဖျော့ဖျော့ ၅ ရက်နေ့…..
ငါ ခံစားနေရတဲ့ ဒုက္ခတွေကို…..
မျှော်လင့်ခြင်းဆိုတာနဲ့ ထိန်းချုပ်ခဲ့တယ်…..
နောင်တအရဆုံး အမှားတွေအတွက်ပေါ့…..

သူ့မ ရှေ့မှာ ငါ…..
ဒူးထောင်တောင်းပန်နေခဲ့မိတယ်…..
ဒီလိုအမှားမျိုး…..
ငါဘယ်တော့ မှ မဖြစ်စေရဖူး…..
သူမ လက်မခံခဲ့ပါဖူး…..
ခေါင်းကိုသာ တွင်တွင်ခါရင်း…..
ညှင်ညှင်သာသာလေးပဲ ရှောင်ထွက်သွားခဲ့တယ်…..
ငါ…..
အရမ်းပဲ ၀မ်းနည်းခဲ့ရတယ်…..

သူမဘက်က ဘယ်တော့မှ လမ်းမခွဲပါဖူး
ဒါပေမဲ့…..
သူ့မ ကို ငါ အားနာလာမိတယ်…..
ပျော်ရွှင်အောင်မထားနိုင်ပဲ…..
သူမ အချစ်ကို ငါ မပိုင်ဆိုင်သင့်ဖူး…..
ဒီလို ရူးမိုက်မိုက် အတွေးလဲ ငါ တွေးခဲ့မိတယ်…..
ငါ့အတွက်…..
နောင်တအရဆုံး အတွေးပဲ…..
ဘာပဲဖြစ်နေပါစေ…..
လူတိုင်းမှာ ဒုတိယအကြိမ်…..
ကြိုးစားခွင့်ရှိတာပဲ…..
ငါကြိုးစားခဲ့သင့်တယ်…..

ဝမ်းနည်းမှုတွေနဲ့…..
သူမ ဆီက အပြန်…..
ခပ်ကြောင်ကြောင် အတွေး တွေနဲ့
နောင်တ အရဆုံး စကား လုံးတွေ…..
ဖုန်းထဲက တစ်ဆင့်…..
သူမကို ငါ ပြောလိုက်မိတယ်…..
“ငါတို့ လမ်းခွဲကြရအောင်” …..

သူမ နဲ့ ပတ်သပ်တဲ့ ငါ့ ကဗျာ…..
ဒီနေရာမှာ အဆုံးသတ်ပါပြီ…..
ငါ မရှိတဲ့ ဘ၀မှာ…..
သူမ ပျော်နေမှာပါ…..
သူမ အတွက် ပဲ နောက်ဆုံး လုပ်ပေးချင်ခဲ့တယ်…..
ငါ့ကိုငါ ပြန် မသုံးသပ်မိခဲ့ပဲ…..
ကိုယ်စောင့်နတ်ကို လိမ်ခဲ့မိတယ်…..

ငါမရှိတဲ့ ဘ၀ မှာ သူမ ပျော်နေပါတယ်…..
သူမ မရှိတဲ့ ဘ၀ ဟာ ငါ့အတွက် ကာလာမဲ့ခဲ့တယ်…..
နေ့စဉ်နဲ့အမျှ…..
ငါ့နှလုံးသား ကို…..
တဖြစ်ဖြစ် ကိုက်နေတဲ့…..
နောင်တ ဆိုတဲ့ ပိုး ကောင်တွေ…..
ဆေးမှုတ်ပြီး သတ်လို့ရရင် သိပ်ကောင်းမှာပဲ…..
ဒီလို ပေါကြောင်ကြောင် အတွေးတွေလဲ…..
ငါ တွေးတက်လာခဲ့တယ်…..

ငါ ပထမဆုံး တက်ခဲ့တဲ့ ပထမနှစ်…..
သူမ Assigment ရေးပေခဲ့ပါတယ်…..
အသုံးမကျတဲ့ ငါ…..
စာမေးပွဲ မအောင်ခဲ့ပါဖူး…..
တော်တော်မိုက်မဲ့ ခဲ့တာပဲ…..
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်…..
သူမ ရေးပေးခဲ့တှဲ့Assigment လေး…..
ငါ ပြန်လိုချင်ပါရဲ့…..

အချိန်တွေက လူကို ကုစားတယ်…..
ငါ့ အတွက်တော့ မဟုတ်ခဲ့ပါလား…..
ပထမနှစ်အတွက်…..
ဒုတိယအကြိမ်မြောက်စာမေးပွဲ…..
ငါထပ်ကျပြန်တယ်…..
ငါ့ခေါင်းထဲက သူမ ကို ဘယ်တော့မှ ထုတ်လို့ရမှာလဲ…..

သွားစမ်းပါကွာ…..
လူမှုရေးဆိုတာတွေ…..
သွားစမ်းပါကွာ…..
ပညာရေးဆိုတာတွေ…..
သွားစမ်းပါကွာ…..
အလုပ်အကိုင် စီးပွားရေးတွေ…..
သူမ မရှိတဲ့ အချိန်မှာ…..
ဒါတွေအားလုံး…..
သွားလိုက်စမ်းပါကွာ…..
ငါနဲ့ အဝေးကြီးကို…..
မလိုအပ်တော့ဖူးလေ…..

ဘာလိုလိုနဲ့…..
သူမ နဲ့ ပျက်စဲ ခဲ့တာ…..
တစ်နှစ်တောင် ကျော်သွားပြီ…..
ကြားခံ အစားထိုး ခဲ့တဲ့…..
ခပ်ချောချော ကောင်မလေးတွေလဲ…..
ငါ့ စိတ်ကို အရည်မဖျော်နိုင်ကြပါဖူး…..
ငါ…..…..ငါ…..
သူမ နဲ့ လမ်းခွဲ ခဲ့ချိန်က စပြီး…..
အရာအားလုံးကို လုံးဝ ဆုံးရှုံးသွားသလိုပဲ…..
ဖြစ်နိုင်မယ်ဆိုခဲ့ရင်…..
…..…..…..…..…..
…..…..…..…..…..
…..…..…..…..…..

In: ကဗျာ Posted By: Date: Jan 6, 2013
Comment #1

wow!

commentinfo By: မေပျို at Jan 7, 2013
Comment #2

ကျွန်တော် ဖတ်ဖူးတဲ့ အသည်းကွဲ ကဗျာတွေထဲက အကောင်းဆုံးတော့မဟုတ်ပေမဲ့ အကောင်းဆုံးတွေထဲမှာ ပါဝင်နေတဲ့ တပုဒ်….

သူမ နဲ့ ပတ်သပ်တဲ့ ငါ့ ကဗျာ…..
ဒီနေရာမှာ အဆုံးသတ်ပါပြီ…..
ငါ မရှိတဲ့ ဘ၀မှာ…..
သူမ ပျော်နေမှာပါ…..
သူမ အတွက် ပဲ နောက်ဆုံး လုပ်ပေးချင်ခဲ့တယ်…..
ငါ့ကိုငါ ပြန် မသုံးသပ်မိခဲ့ပဲ…..
ကိုယ်စောင့်နတ်ကို လိမ်ခဲ့မိတယ်…

ခံစားအားပေးသွားပါတယ်

commentinfo By: ကိုစိုင်း at Jan 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment