Professional Authors

ချစ်သူဖတ်ဖို့စာ( ကျူးပစ်မှတဆင့် )

အိပ်လို့မရတဲ့ ညသန်းခေါင်ယံတွေမှာ မင်းအကြောင်းတွေးပြီး တစ်ယောက်တည်း
ပြုံးပြီး စကားတွေပြောနေတတ်မိပြီ………..ချစ်သူရေ
ရုတ်တရက် စာဖတ်ရင်း မီးပျက်သွားတဲ့ အချိန်မှာ “ဟာ……….”ဆိုတဲ့ အာမေဋိတ်အစား
မင်းနာမည်ကို မထင်မှတ်ပဲ ယောင်တတ်မိနေပြီ………ကဗျာဆရာမလေးရေ…
တိုးတိုးလေး သတိရနေမိတာ/ လွမ်းနေမိတတ်တာတွေ မင်းသိပါ့မလား…
ငါ့ရဲ့ မနက်တွေမှာ မင်းဖုန်းကိုမျှော်နေမိတာ…တွေ…
အင်း….မင်းကိုဖုန်းဆက်ရင်ကော မင်းကို ငြိုငြင်ကြမလား………..
အင်း……….မင်းနဲ့စကားတွေအများကြီးပြောချင်လိုက်တာကွာ…………
အိမ်ကကြောင်လေးသုံးကောင် ကြွက်မခုတ်တဲ့အကြောင်း………………………….
ဘတ်စ်ကားပေါ်မှာ ကားစပယ်ယာ အကြွေပြန်မအမ်းတဲ့ နေ့တွေအကြောင်း…………..
မန်ယူ ချယ်ဆီးနဲ့ တီဗီကြော်ငြာတွေအကြောင်း…………………………………………………………………………………..
…………………………………………………………………………………
……………………………………..
ဟူး…………………ချစ်သူရေ….တကယ်က
ငါမင်းကို တော်လှန်ရေး တစ်ခုလိုချစ်ခဲ့တာပါ………
မမြင်ရတဲ့ ဘာသာတစ်ခုကို သက်ဝင်ယုံကြည်သလိုကို    ချစ်ခဲ့တာ…………….
                          
                                                                                                ဆလိုင်းပီတာ

In: ကဗျာ Posted By: Date: Oct 28, 2011
Comment #1

အိမ်ကကြောင်လေးသုံးကောင် ကြွက်မခုတ်တဲ့အကြောင်း………………………….
ဘတ်စ်ကားပေါ်မှာ ကားစပယ်ယာ အကြွေပြန်မအမ်းတဲ့ နေ့တွေအကြောင်း…………..
မန်ယူ ချယ်ဆီးနဲ့ တီဗီကြော်ငြာတွေအကြောင်း…………………………………………………………………………………..
…………………………………………………………………………………
……………………………………..
ဟူး…………………ချစ်သူရေ….တကယ်က
ငါမင်းကို တော်လှန်ရေး တစ်ခုလိုချစ်ခဲ့တာပါ………
မမြင်ရတဲ့ ဘာသာတစ်ခုကို သက်ဝင်ယုံကြည်သလိုကို ချစ်ခဲ့တာ…………….သိပ်ကောင်းတယ်ပီတာ
အားပေးသွားတယ်ပညာယူသွားတယ်အကြောင်းအရာရှားပါးတဲ့ ကဗျာလေးပဲကွ
စကားလုံးတော့နဲနဲများနူးညံ့လွန်သလားလို့ ပါ..ကောင်းတယ်

commentinfo By: sharon myorr myor at Oct 28, 2011
Comment #2

mike de,,
mike de,,
kyike de..
he,,he,,,
really funny with lots of simple love.

me too.
want 2 make a call.
but i daren’t.aww khan hti htar loh kyauk twar p,
so much busy that no more free time 2 reply me.hint…

commentinfo By: ei lay at Oct 28, 2011
Comment #3

……………………………………..
ဟူး…………………ချစ်သူရေ….တကယ်က
ငါမင်းကို တော်လှန်ရေး တစ်ခုလိုချစ်ခဲ့တာပါ………
မမြင်ရတဲ့ ဘာသာတစ်ခုကို သက်ဝင်ယုံကြည်သလိုကို ချစ်ခဲ့တာ…………….
မိုက်သဗျာ
ကြိုက်တယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment