Professional Authors

ရင်တွင်းဖြစ် အချစ်

ပြန်ပြောင်းတွေးကြည့်လှည့်ပါဦး အချစ်ရေ….
အချစ်တစ်ခု ဖြစ်တည်လာဖို့
ဘာတွေ လိုအပ်ပြီး ဘာတွေ ပယ်ထုတ်ရလဲ

“ ကိုယ် မင်းကို အရမ်းချစ်တယ် “
သူ့အချစ်ကို ရယူ ဖို့ ကိုယ့်အချစ်ကို
ပေးဆပ်ဖို့လိုအပ်ရင် ပေးလိုက်ပါ
အချစ်မှာ . . . .
ပေးဆပ်ခြင်းလည်း ရှိမယ်
စွန့်လွတ်ခြင်းလည်း ရှိမယ်
အချစ်ဟာ. . . . . . .
အေးတဲ့ အခါလည်း ရှိမယ်
ပူတဲ့ အခါလည်း ရှိမယ်
အချစ်မှာ . . . . .
လိုအပ်ရင် လိုအပ်သလို
ပြောင်းလဲတတ်တဲ့ အကြင်နာတရား
မေတ္တာတွေလည်း ရှိမယ်။

အချစ်ကို ရှာတွေ့လို့ တွေ့ပြီလား ?
ကိုယ့်ကိုယ်ကို မေးပစ်လိုက်ချင်တယ်
ရှာဖွေ တွေ့ရှိတဲ့ အချစ်က လည်း အချစ်ပဲ
မရှာဖွေပါပဲ ၀င်လာတဲ့ အချစ်ကလည်း အချစ်ပါပဲ
အချစ်ဆိုတာ မြင်တတ်ရင် ဟိုး..အဝေးကို
ဖွေရှာနေစရာ မလိုပါဘူး
သင့် ဘေးနားတ၀ိုက်မှာ ရှိနေတတ်ပါတယ်..
အချစ်ဟာ
ကြိုပြင်ဆင်မထားပါဘဲနဲ့
ဝင်လာတတ်ပြီး
ကြိုပြင်ဆင်မထားပါပဲနဲ့
ပြန်ထွက်ခွါသွားတတ်တာမို့
အချစ် ၀င်လာပြီဆို
ပျော်ရွှင် ၀မ်းမြောက်ခြင်းအပြည့်နဲ့
အမြဲတမ်း နွေးနွေးထွေးထွေး ဧည့်ခံတတ်ဖို့ လိုတယ်။

In: ကဗျာ Posted By: Date: May 9, 2012
Comment #1

hman like tar,
hman like tar,
hman like tar,

commentinfo By: ei lay at May 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment