Professional Authors

အချစ်ရှိသော အရပ်သို ဦးညွှတ်လျက်……..(ရင်တွင်းမှမြစ်ဖျားခံသော…)

တကယ်တမ်း…ပြောရရင် ခုချိန်မှာ “အချစ်” ဆိုတဲ့ အရာ ဘာလဲ သေချာ မသိသေးတာအမှန်ပါ…ဒါပေမဲ့လဲ…အချစ်ဆိုတဲ့ အရာ က ထူးဆန်းတယ်ဆိုတာကိုတော့ ခံစားမိပါတယ်…သူ.ဘာသာသူ တည်ငြိမ်နေတဲ့  ကန်ရေပြင်ကိုလည်း လှုပ်ခတ်သွားအောင် လုပ်နိုင်စွမ်းရှိတယ်လေ…အစွမ်းထက်တယ်ဆိုပါတော့…နားမလည်တဲ့ အချစ်ဆိုတဲ့ အရာနဲ. ကင်းအောင်နေနိုင်ခဲ့ပါတယ်…သို.သော်…ထိုတနေ. …

မှတ်မိပါသေးတယ်…ပြောရရင်တော့…ကန်ရေပြင်ထဲ ခဲ ကျတဲ့နေ.ပေါ့…

အယုံအကြည်မရှိပါဘူး…လို. ပါးစပ်ကအကြောက်အကန် ငြင်းနေပေမဲ့…ကိုယ်တိုင်ကတော့…မရေရာ မှုန်ဝါးနေတဲ့ ရှေ.ဆီကိုဘဲ ဦးတည်သွားနေခဲ့မိတယ်လေ…အချစ်ဆိုတာဘာလဲ…ဘယ်လိုသာယာ ချမ်းမြေ့မှုတွေ ရှိလာနိုင်မလဲ ဆိုတဲ့ မျှော်လင့်ချက်တွေ …တလှေတကြိတ်ကြီးနဲ.ပေါ့…လက်တစုံကို လည်း တင်းတင်းကြပ်ကြပ်ဖမ်းဆုပ်ထားဖို. ကြိုးစားမိတယ်…ဒါပေမဲ့ အဲ့ လက်တစုံ ကလေထဲမှာဘဲ ပျောက်ပျောက်သွားတယ်လေ…လေလှိုင်းထဲ က လွင့်လွင့်ကျလာတဲ့ စကားလုံးတိုင်းကို ဘာသာ ပြန်နေရတာလဲ အမောပါဘဲ…တည်ငြိမ်မှုမရှိနိုင်တာ အချစ်တဲ့လား…ဒါ ကျွန်မနားလည်လိုက်မိတဲ့ အချစ်ရဲ. ပထမ meaning ပါ…မတွေ.ရရင် တွေ.ချင်တယ်…တွေ.ပြန်တော့လဲ…ဂရု မထားသလို ပြုမိပြန်ရော…စကားတွေ အများကြီးပြောချင်နေတယ်…ပြောစရာတွေ လည်း ရင်နဲ.အပြည့်ပါဘဲ…ဒါပေမဲ့လည်း…တွေ.တဲ့အခါ ပြောစရာမရှိသလို ဟန်ဆောင်မိပြန်ရော…ခံစားချက်အမှန်ကို ကွယ်ဝှက်ထားတတ်တာ အချစ်တဲ့လား…ဒါက ကျွန်မနားလည်လိုက်မိတဲ့ အချစ်ရဲ. ဒုတိယ meaning ပါ…စကားလေးပြောဖို.တောင် မှ ခက်ခဲနေတတ်တဲ့ လူနှစ်ယောက်အတွက် အချစ်စစ် ဖြစ်ပေါ်လာနိုင်ပါ့မလား…ဖြစ်လာရင်လဲ ခိုင်မြဲနိုင်ပါ့မလား…ဒါက ကျွန်မသိချင်နေတဲ့ အချစ်အတွက်မေးခွန်းလေးပါ…အရာရာ လွဲချော်မှုတွေများနေတတ်တဲ့ လူနှစ်ယောက်ကြား ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ…ဒါက ကျွန်မ မသိချင်တော့တဲ့ အနာဂတ်အကြောင်းပါ…ဘယ်လို ဘဲ ဖြစ်ဖြစ်…မနက်ဖြန်တိုင်းကို ရင်မောစွာနဲ.ဘဲ မျှော်လင့် ချက်တွေ ထွေးပိုက်ပီး ဆက်လျှောက်နေမိဦးမှာပါ…မလျှောက်လို.လဲ ရမှ မရတော့တာဘဲလေ…မှုန်ဝါးနေတဲ့ မှော်ရုံ တောထဲ လျှောက်ခဲ့ မိပီဘဲ…ဘယ်ရောက်လို. ရောက်မှန်းလဲ မသိတော့ပါဘူး…ရှေ.ဆက်လျှောက်နေပေမဲ့ …မူရင်း အရပ်ကိုဘဲ ဦးတည်နေတာလား…ဒါမှမဟုတ် အချစ်ရှိတဲ့ အရပ်ကိုဘဲ ဦးတည်သွားနေတာလား…မသေချာတော့ပါ….သို.သော်….

ကျွန်မ ဆက်လျှောက်နေဦးမှာပါ…

အချစ်ရှိသော အရပ်သို ဦးညွှတ်လျက်……………………………

In: Others Posted By: Date: Mar 24, 2011
Comment #1

ခံစားချက်တွေကို အဆီအငေါ်မတည့်လျှောက်ရေးထားမိတာပါ…ဖတ်ရတာအဆင်မပြေခဲ့ရင် ခွင့်လွှတ်ပေးကြပါ !

commentinfo By: မိုးသည်း at Mar 24, 2011
Comment #2

ဘာပဲဖြစ်ဖြစ်ခံစားလို့ရပါတယ.်..

commentinfo By: thelko at Mar 24, 2011
Comment #3

@ thelko : ကျေးဇူးအများကြီးတင်ပါတယ် first posts လေးတွေမှာဘဲ ပထမဆုံး comment လေးတွေပေးပေးတဲ့အတွက်…ခံစားလို.ပါရတယ်ဆိုတော့ အတိုင်းအထက်အလွန်ပါရှင်…နောနော် တော့ ဟုတ်ဘူးနော်….ရင်တွင်းမှမြစ်ဖျားခံသော…:D

commentinfo By: မိုးသည်း at Mar 24, 2011
Comment #4

hote de.
shat p dot bar hma ko pyaw ma htwak dot tar.
he,,he,,,

commentinfo By: ei lay at Nov 6, 2011
Comment #5

a chit ka u te chat tway a myar g ne hlauk hlauk twar nay loh phan loh ko ma ya tay par bu,,,
a chit maw twar hma pe pyan lar par say dot lay,,,

commentinfo By: ei lay at Jan 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment