လမ်းခွဲသူသို့ ကျေးဇူးတင်လွှာ
အသက်ရှုရတာ ချိုမြိန်တယ်
ရင်ခုန်သံတွေ လက်ဆတ်တယ်
နင့်အမုန်းမပါရှိဘဲ
မနက်ဖြန်တွေ လည်ပတ်
လက်တွေ့တွေ တိုင်းကလည်း အနှစ်ရှိတယ်….။
ပူပန်ခြင်းလည်း ကင်းတယ်
စိုးရိမ်ခြင်းလည်း ရှင်းတယ်
နင့်စိတ်နဲ့ မယှဉ်တွဲတော့တဲ့ငါ
အေးချမ်းစွာနဲ့ ရှင်သန်
တန်ပြန်နိုင်ဖို့ မကြိုးစားတော့ဘဲ
ရင့်ကျက်မှုတွေနဲ့ မိတ်ဆွေဖွဲ့တယ်……။
စိတ်အစဉ်က ပေါ့ပါး
သံသယတွေ လွင့်သွားတယ်
မတူမတန်တဲ့ အချစ်ကို သတိမရ
ဘ၀ခရီးအတွက် အတိအကျ အစီအစဉ်တွေဆွဲ
နာကျင်ခြင်းကင်းကင်းနဲ့
ငါ့ရည်မှန်းချက်တွေ အသက်သွင်းတယ်……။
နင့်သစ္စာကို မတပ်မက်
နင့်မေတ္တာကို စွန့်လွှတ်တယ်
အမှားမရှိဘဲ ထားခဲ့ခံရတဲ့ဘဝ
ဝဋ်ကြွေးလို့ပဲ ငါယူဆ
ငါ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့
စိတ်ဓါတ်တချို့…..ခိုင်မာလာရင်း
လမ်းခွဲခဲ့တဲ့နင့်ကို ငါ….အရမ်းလည်း ကျေးဇူးတင်ပါတယ်…….။
အလွမ်း
9:30 AM
26 Apr 2011 ( Tuesday)
Comment #2
အေးချမ်းစွာနဲ့ ရှင်သန်
တန်ပြန်နိုင်ဖို့ မကြိုးစားတော့ဘဲ
ရင့်ကျက်မှုတွေနဲ့ မိတ်ဆွေဖွဲ့တယ်……။
By: နှင်း at Apr 26, 2011
Comment #3
thz u so much.
By: ei lay at Aug 20, 2011
Comment #4
so clever ! really I like it. I must do like that .
By: moe at Oct 22, 2011
Comment #5
thz so much.
By: ei lay at Oct 28, 2011
Comment #7
စိတ်အစဉ်က ပေါ့ပါး
သံသယတွေ လွင့်သွားတယ်
မတူမတန်တဲ့ အချစ်ကို သတိမရ
ဘ၀ခရီးအတွက် အတိအကျ အစီအစဉ်တွေဆွဲ
နာကျင်ခြင်းကင်းကင်းနဲ့
ငါ့ရည်မှန်းချက်တွေ အသက်သွင်းတယ်……။
By: la yeik at Dec 23, 2011
Comment #10
နင့်သစ္စာကို မတပ်မက်
နင့်မေတ္တာကို စွန့်လွှတ်တယ်
အမှားမရှိဘဲ ထားခဲ့ခံရတဲ့ဘဝ
ဝဋ်ကြွေးလို့ပဲ ငါယူဆ
ငါ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့
စိတ်ဓါတ်တချို့…..ခိုင်မာလာရင်း
လမ်းခွဲခဲ့တဲ့နင့်ကို ငါ….အရမ်းလည်း ကျေးဇူးတင်ပါတယ်…….။
…………
ဘာမှမပြောခဲ့တော့ဘူးဗျာ :'(
By: အသဲကွဲမိုး at Oct 16, 2012
Comment #11
thu ta baw kya lann kwe pay like p
thu ta baw a tine loak pay like dar koh hna lone tar g ka tway sain tway htwke nay p.
thu ka dot pyaw loh pop
thu sate chan tar me so ,,,p yaw
By: ei lay at Oct 16, 2012




Comment #1
ငါ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့
စိတ်ဓါတ်တချို့…..ခိုင်မာလာရင်း
လမ်းခွဲခဲ့တဲ့နင့်ကို ငါ….အရမ်းလည်း ကျေးဇူးတင်ပါတယ်…….။
အလွမ်း…….အားပေးသွားပါတယ်.