Professional Authors

ငါးမျှားခြင်း

သံယောစဉ်ကြိုး
အစဉ်တိုးပြီး
ပိုက်ကွန်သဖွယ်
မရုန်းနိုင်
မလူးနိုင်
မလွန့်နိုင်
ငါက ငါးမှမဟုတ်တာ
ဘာဖြစ်လို့
ပိုက်ကွန်ကို
မြတ်နိုးနေရတာတုန်း
ဘာကြောင့်ငါးစာကို
နှစ်သက်နေရတာတုန်း
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့
ငါ့အသက်
ငါ့ကိုယ်နဲ့ရင်းပြီးချစ်တဲ့သူကထားတဲ့ပိုက်ကွန်……….။
ငါတွယ်တာရတဲ့သူမရဲ့
လှပခြင်းတွေနဲ့
မာယာတွေနဲ့
အဆိပ်တွေနဲ့
အထပ်ထပ်သုတ်လိမ်းထားတဲ့
ငါးမျှားချိတ်တချောင်းလေ……….။
ဘယ်လိုပဲဖြစ်ပါစေ
ချစ်ရမှာက ငါ့တာဝန်လေ
မြတ်နိုးရမှာက ငါ့တာဝန်လေ
တွယ်တာရမှာက င့ါတာဝန်လေ။။။။

In: ကဗျာ Posted By: Date: May 3, 2012
Comment #1

he,,he,,, 😉
dar hma main ma pi ta tar.
d lo myo hma yout kyar loh tat hmat naing dar.
kou tar win kou kyay ya hmar pop.
hote bu lar loh?
😉

commentinfo By: ei lay at May 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment