Professional Authors

အချိန်လွန်ခြင်း

အစွဲကြီးကြီးနဲ့
ဂြိုဟ်စီးဂြိုဟ်နင်းတွက်ကြည့်တာ
ဒီရာသီမှာ ခွင့်ပြုမိန့်မပါဘူး…

မိုးတလုံးလေတလုံးကြွေလိုက်တာ
ကောင်းကင်ဟာ သူ့ရင်ဘတ်ကိုဖွင့်ချ
ဝါဆိုအလယ်တည့်တည့်မှာ
မိုးစက်တွေ တာဝန်ကျတယ်…

ဝေပါတယ်
ပိတောက်ရဲ့ကွယ်ရာ 
လိုက်ကာတချပ်ခြား
တိမ်တွေပွင့်လိုက်ကြပုံများ
သောကြာမလေးပုခုံးဖျားမှာ
သာသာယာယာပေါ့လေ…

မမွှေးပေမယ့် ဝေးခဲ့တယ်
တူတူတန်တန် ဆက်ဆံရေးမှာ
မာယာတွေမပါကြေးဆိုရင်
ဖြစ်ချင်တာတွေ တည့်တိုးပြေကြရုံပေါ့…

သီတင်းပတ်တွေပေါ်ပျံဝဲရင်းနဲ့ပဲ
အဲဒီလိုလွဲခဲ့တာပါ
ဘယ်တာရာနံပါတ်မှာမှ
လိပ်စာအတိအကျ မရခဲ့ဘူး…

လွမ်းရစ်မူးမူးကူးခတ်ရင်း
သင်္ဘောတွေအစင်းစင်း ပျောက်ခဲ့
စကတည်းကိုက လက်နဲ့လှော်ခဲ့တဲ့ကောင်
ထီလက်မှတ်တစောင် အကြောင်းတွေး
ခပ်ရေးရေး မှတ်မိတာတစ်ခုတည်းရယ်
စနေမကို ချစ်တယ်…

 

In: ကဗျာ Posted By: Date: Jul 25, 2012
Comment #1

အားပေးသွားပါတယ်ရှင်

commentinfo By: maypyo.yioe2012 at Jul 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment