Professional Authors

ကံကြမ္မာကို လာဘ်ထိုးခြင်း

ချစ်ခြင်းရဲ့
အတိမ်အနက်
အလွမ်းရဲ့
အချိန်းအချက်ကြောင့်
ငါ့ အသည်း
ငါ့ နှလုံး တို့တော့
စုံးစုံး မြုပ်ချေပြီ
အမုန်း ပင်လယ်ထဲ မှာ
ကူခတ်ရင်း
တွယ်ရာ မဲ့ တဲ့
လက်တွေဟာ
ဥပေက္ခာကို တော့
ဆုတ်ကိုင်မိချေရဲ့
မနက်ခင်းတိုင်း
နေ့ခင်းတိုင်းမှာ
အလွမ်းနဲ့
မျက်နှာသစ်
အဆွေးနဲ့
သွားတိုက်နေသူပါ
သူတို့ကလူမဟုတ်ဘူးလေ
ခံစားချက်သက်သက်တွေ
ထိုခံစားချက်တွေ က
ငါ့အသက် ကို
လှလှပပ ထွက်စေနိုင်တဲ့
အထိ တစ်ခါတစ်လေတော့
အပြင်းအထန်
ကြိုးစားကြလေရဲ့
ဝေးလွင့်ခြင်းတွေရဲ့
မုန်တိုင်းတွေ မလာခင်
ကံဆိုးခြင်းဆိုတဲ့
အိမ်တစ်လုံးမဖြစ်တည်ခင်မှာ
ငါ့ဟာ ငါ ၀မ်းနည်းစွာနဲ့ပဲ
ကံပြန်ကောင်းလာဖို့
ငါ့နှလုံးသားကို
သူမ ရှေ့မှာ
လှလှ ပပ
ကိုယ်တိုင် အခမ်းအနားမှူးအဖြစ်
တင်ဆက်ရင်း
ယစ်ပူဇော်ခဲ့လေတယ်လေ…..။
ကောင်းချီးပြုကြပါအုံးဗျာ…..။

In: ကဗျာ Posted By: Date: Sep 3, 2011
Comment #1

ငါ့နှလုံးသားကို
သူမ ရှေ့မှာ
လှလှ ပပ
ကိုယ်တိုင် အခမ်းအနားမှူးအဖြစ်
တင်ဆက်ရင်း
ယစ်ပူဇော်ခဲ့လေတယ်လေ…..။
ကောင်းချီးပြုကြပါအုံးဗျာ…..။

commentinfo By: မိုးသစ်လေပြေ at Sep 3, 2011
Comment #2

Same feeling

commentinfo By: ei lay at Jan 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment