Professional Authors

မာယာမဲ့ခြင်း

ရင်ခွင်မှာ ၊
မာယာတွေ ကွယ်လို့ဖုံး ၊
ဒီနှလုံး ထက်ပိုသာ ၊
ဘာ မာ မတုန်း ။

တနေ့တွင် ၊
သံယောဇဉ် နှောင်နွယ်ကြိုး (တို့) ၊
ချည်မိုးကာ ရစ်ပတ်ခဲ့ (လေတော့) ၊
မာယာမဲ့ နှလုံးကို ၊
ချစ်ပျိုအား ဆက်ခဲ့တယ် ၊
ခွဲအက် ကာ မုန်း ။

night^

ဒွေးချိုးတွေ မရေးတာကြာပြီ။ မှန်ရဲ့လား မသိဘူး … နောင်ကြီးဟယ်ရီ ရန်ကုန်က ပြန်လာရင် ကြည့်ပေးပါ။

In: ကဗျာ Posted By: Date: Jun 27, 2009  
Comment #1

အမီးကမသိတော့ လာအားပေးသွားတယ်လို့ပဲ ပြောချင်ပါတယ်ရှင်…. ဟီး..ဘတ်ဘတ်ကွ..။

commentinfo By: Kitty Yang at Jun 27, 2009
Comment #2

မှန်ပါသဗျာ … အမှားအယွင်း မရှိပါဘူး
အတ္ထလင်္ကာရပိုင်းလဲ ပြောစရာမရှိပါဘူး … ကောင်းပါလေရဲ့
ဒါပေမဲ့ အကြံပေးချင်တာလေးတော့ ရှိပါတယ် … သဒ္ဒါလင်္ကာရပိုင်းမှာပေါ့ .. တနည်းအားဖြင့် အသံပိုင်းပါ။

ကာရန်က အားလုံးကိုက်ပါတယ်။ အချီအချ မှာလဲ ဂရုလဟု မှန်ပါတယ်။

ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ အချီချိုးမှာ အချကာရန်နဲ့ တူတဲ့ ကာရန်ကို ကြားအပိုဒ်တွေမှာ ထည့်မသုံးသင့်ပါဘူး။ မှားတော့မမှားဘူးပေါ့။ ဒါပေမဲ့ မသင့်တာပါ။ ဖုံး-လုံး က အချကာရန်ုတုန်း နဲ့ သွားတူနေလို့ ကာရန်ရောထွေးသွားတတ်ပါတယ်။

နောက်တခုက အချချိုးမှာ အသံထောက် နေတာ သတိထားမိပါတယ်။ ဘာလို့လဲဆိုတော့ လဟုကာရန်တွေ များနေလို့ပါ။ (ကြိုး-မိုး၊ ခဲ့-မဲ့) ဆိုပြီး လဟုသံတွေချည်း ဆက်သုံးသွားတော့ အသံမပြေဘဲ ဖြစ်သွားတာပါ။ ဖြစ်နိုင်ရင် ဂရု နဲ့ လဟုကို တလှည့်စီ ယူပေးရပါတယ်။ အဲဒါမှ အနိမ့်အမြင့် အတက်အကျ အသံပြေပြစ်ပါတယ်။
နောက်တခုက ပဒလင်္ကာရ စာလုံးတွေ (ကွင်းထဲက တို့၊ လေတော့ အစရှိတာတွေ) နဲ့ အသံကို ထပ်ဖြေပေးရင် ပိုကောင်းပါတယ်။
ဥပမာ သံယောဇဉ်နှောင်နွယ်ကြိုး(တို့ ) အစား နှောင်နွယ်ကြိုး(တွေက) လို့ သုံးရင် အသံပိုပြေပါတယ်။ ကြိုးနဲ့ တို့ က ၂-ခုလုံး လဟုသံ သုံးမယ့်အစား တွေက ဆိုပြီး သုံးလိုက်ရင် ဂရုသံ တသံ ကြားဝင်ပေးလိုက်တော့ အသံပိုပြေတာပေါ့။
အဲဒီလိုသဘောပါ။

ဘာပဲဖြစ်ဖြစ် မှန်တာကတော့ မှန်ပါတယ်။ အမှားအယွင်းမရှိပါဘူး။ ဒါပေမဲ့ ခံစားချက်များ သိပ်မပါဘူးလားလို့

commentinfo By: harry at Jul 14, 2009
Comment #3

ကျေးဇူးပါ နောင်ကြီးရေ … ဒီလို သေချာ သင်ပေးတာ … နောက်တခါ ရေးရင် အသံပိုင်းတွေ သတိထားလိုက်ပါမယ်

commentinfo By: nightbird at Jul 14, 2009
Comment #4

nightbird ဒါမျိုးတွေလဲရတယ်ကိုး .. bravo!

commentinfo By: redoranda at Jul 14, 2009
Comment #5

good good

commentinfo By: h3mlock at Jul 15, 2009
Comment #6

မှန်မမှန်တော့ မသိပါဝူး
တော်တော်လေး ကောင်းတယ်

commentinfo By: lwanhlainge at Jul 22, 2009
Comment #7

ကောင်းလိုက်တဲ့ကဗျာလေး…
တော်တော်လေး ကျင့်ရဦးမယ်
ရေးတတ်ဖို့…းP

commentinfo By: Second Two at May 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment