Professional Authors

ပင့်သက်

နွယ်ရေ
သမုဒယခေါက်ရိုးကို
အခုမှနောက်တစ်မျိုးပြင်ရင်တော့
လွယ်မယ်မထင်ဘူး…….
အနေမနီးလို့
အခြေကြီးလေရော့သလားနွယ်…
တစ်ချိန်ကတော့
ပျော်စရာကောင်းတဲ့
အချစ်အကြောင်းတွေ
ပြည့်နှက်ခဲ့တဲ့ရင်ဘတ်
အခုတော့
(မင်းအမုန်းများကြောင့်)
ချစ်စိတ်ကိုမျိုသိပ်
အံကြိတ်ပြီးတော့
မျက်ရည်တစ်စ
မြေမခဖို့
ကြိုးစားနေရပြီပေါ့…
တို့နှစ်ယောက်ချစ်ထုံး
မင်းဘယ်လိုဖျက်ဦးစေတော့
နွမ်းနယ်တဲ့နှလုံးသား
ဘယ်တေျာ့မှမုန်းမသွားပဲ
အဝေးကမျှော်ရင်း
(ကိုယ်ကတော့)
သက်ပြင်းများနဲ့သာအဖေါ်ပြုပါ့မယ်..နွယ်………။          ။

 

In: ကဗျာ Posted By: Date: May 3, 2012
Comment #1

kou chin sar par de,
ei lay ne tu tu be.
thu ka le ei lay ko lone wa ga yu ma sike bu,,
pyit htar de.
hint,,, 🙁 🙁

commentinfo By: ei lay at May 3, 2012
Comment #2

ကောင်းလိုက်တာ…………

commentinfo By: May Kha at May 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment