Professional Authors

ဖွားဖက်တော်

ကောင်းကင်ကြီး ကိုမော့ကြည့်ရင်း
သက်ပြင်းတွေကို ရှုရှိုက်ရင်း
အထပ်ထပ်ဟောင်းနေတဲ့
မေးခွန်းကိုအခါခါ ငါမေးနေမိတယ်.
ဘာကြောင့်အမြဲရှုံးရတာလဲ…

ကံဇာတ်ဆရာရယ်…

ဘာလို့များ ငါ့ဇာတ်ညွှန်းကို ဒီလိုများရေးမိရတာလဲ…

နဲနဲများပြင်ရေးပေးပါလားလို့အထွန့်တက်ချင်ပေမဲ့

ငါ့ကို အခွင့်အရေးမပေးဘူးနော်……..

မြှားနတ်မောင်ရယ်…….

နင်ရေးတဲ့စာ ငါ့အလှည့်မှမှင်ရည်ကျဲသွားသတဲ့…

ခုတော့ နားလည်ပီဟာ………..

အရှုံးဆိုတာ ငါ့ရဲ့ဖွားဖက်တော်ပဲဆိုတာ…..

သေချာတာ တခုကတော့

ငါကျရာနေရာမှာ ငါအကောင်းဆုံးကခဲ့တယ်…..

ငါ့ရဲ့ဖွားဖက်တော်နဲ့ပေါ့………

In: ကဗျာ Posted By: Date: Aug 2, 2011
Comment #1

ကံဇာတ်ဆရာရယ်…
ဘာလို့များ ငါ့ဇာတ်ညွှန်းကို ဒီလိုများရေးမိရတာလဲ…
နဲနဲများပြင်ရေးပေးပါလားလို့အထွန့်တက်ချင်ပေမဲ့
ငါ့ကို အခွင့်အရေးမပေးဘူးနော်……..
မြှားနတ်မောင်ရယ်…….
နင်ရေးတဲ့စာ ငါ့အလှည့်မှမှင်ရည်ကျဲသွားသတဲ့…
ခုတော့ နားလည်ပီဟာ………..
မမေခ..အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 2, 2011
Comment #2

(ကံဇာတ်ဆရာရယ်…

ဘာလို့များ ငါ့ဇာတ်ညွှန်းကို ဒီလိုများရေးမိရတာလဲ…

နဲနဲများပြင်ရေးပေးပါလားလို့အထွန့်တက်ချင်ပေမဲ့

ငါ့ကို အခွင့်အရေးမပေးဘူးနော်……..

မြှားနတ်မောင်ရယ်…….)

ကြိုက်တယ်။

commentinfo By: jenny at Aug 2, 2011
Comment #3

ကောင်းကင်ကြီး ကိုမော့ကြည့်ရင်း
သက်ပြင်းတွေကို ရှုရှိုက်ရင်း
အထပ်ထပ်ဟောင်းနေတဲ့
မေးခွန်းကိုအခါခါ ငါမေးနေမိတယ်.
ဘာကြောင့်အမြဲရှုံးရတာလဲ…

really like it>>>

commentinfo By: songmoezin at Aug 3, 2011
Comment #4

ကဗျာလေး တယ် ကောင်းတယ်ဗျာ ။ ဒါနဲ့ မသိလို့ မေးပါရစေ ဖွားဖက်တော်က အဖိုးထင်တယ်နော် ( just kidding ) ။

commentinfo By: X - ray at Aug 3, 2011
Comment #5

great.

commentinfo By: ei lay at Aug 3, 2011
Comment #6

x-ray ရေ တော်တယ်………အဖွားဖက်တာအဖိုးပဲ. ဟီး
မောင်နှမတွေအားလုံးကိုကျေးဇူးတင်ပါတယ်…….

commentinfo By: May Kha at Aug 3, 2011
Comment #7

ကျွန်တော် မတော်ပါဘူး မမေခရယ် ကျွန်တော်က နောက်လိုက်တာပါ ။

commentinfo By: X - ray at Aug 4, 2011
Comment #8

ဂွတ်တယ် တွေးလို့ လိုက်မမှိဝူး….
မွန်းကြပ်နေတဲ့ အချိန် ဒီလို ကဗျာမျိုးက အားဆေးပါ

commentinfo By: စစ် စစ် at Sep 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment