Professional Authors

သူ့အတွက် ကဗျာလေးတစ်ပုဒ်

နှလုံးသားကို ရဲ့ရဲ့လေးပြုံးပြခဲ့တယ်…

သူက ကောင်မလေးအတွက် မရပ်မနားတမ်း ခပ်ကြမ်းကြမ်းလေးခုန်ပေးခဲ့ရတယ်…

သစ်ရွက်လေးတွေ စိမ်းလန်းစို… ညအမှောင်မှာတောင် လင်းလက်ဆဲ…

တစ်ရေးနိုးအတွေးများထဲ မင်းက မပါမဖြစ်…

 

ဟင့်အင်း… ဝစီပိတ်ကျင့်စရာမလိုဘူး

သူ့ရဲ့အပြုံးအတွက်ဆို သိက္ခာကိုခါချဖို့ ဝန်မလေးခဲ့ဘူး…

ညဥ့်နက်နက်တွေမှာ သူ့စကားသံလေးတွေ ကြားနေရဖို့…

စွန့်လွှတ်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ် စတေးခဲ့တယ်…

 

ဟုတ်တယ် မဟုတ်ဘူး ကစားသလိုပဲ…

ကိုယ်က မေးခွန်းနှစ်ခုကိုပဲ ဟုတ်တယ်ဖြေမယ်..

မင်းကိုချစ်လား နဲ့ မင်းကိုကြိုက်လား…

ကျန်တာကိုတော့ ဘူးတစ်လုံးဆောင်ခဲ့တယ်…

မင်းကိုဖွင့်ပြောမလား… မင်းဆီကအဖြေတောင်းမလား လို မေးခွန်းမျိုးတွေကိုလေ…

 

ရင်ခုန်ခြင်းဆိုတာကို သိပ္ပံမှာ နှလုံးခုန်တာလို့ပြောမလားမသိဘူး…

ငါ့အတွက်တော့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ခါခြင်းပဲ…

အနီ အပြာ အဝါ… မျက်လုံးထဲ ဘာဆိုဘာမှမမြင်တော့ဘူး…

တစ်ယောက်တည်းအတွက် ဖန်ဆင်းခဲ့တဲ့ ငါ့ရဲ့မြင်ကွင်းလေး…

သူ့အတွက် ထာဝရ ကြည်လင်နေခဲ့တယ်…

 

ဖုန်းကလေးကို ဖက်ခဲ့ရတဲ့နေ့တွေ… ညတွေ

သူမသိနိုင်ခဲ့တဲ့ ခံစားချက်ကို ကိုယ်မြင်အောင်ပဲ ဖော်ထုတ်ခဲ့တဲ့နေ့တွေ…

အဆုံးသတ်ချင်ခဲ့တယ်…

ဒါပေမယ့်… သူ မသိစေရဘူး…

 

ဖိန်းတိန်းရှိန်းတိန်းဖြစ်မှုကို နှစ်ကြိမ်ဆန်းစစ်မိတယ်…

တစ်ကြိမ်က သူ့ကြောင့်… တစ်ကြိမ်က ငါ့အချစ်ကြောင့်…

ပညာရေးဆိုတာက ခြားနားမှုတစ်ခု…

ပြောစရာစကားများ ပျောက်ဆုံးခဲ့… ပျော်မဆုံးသော ညနေတစ်ခင်း

 

အသံကိုမကြားရလည်း ငါမသေနိုင်ဘူး…

မျက်နှာလေးမမြင်ရလည်း ငါ့စိတ်ထဲ မြင်နေသေးတာပဲ…

ဒါပေမယ့်… သူ့အတွေးလေးကို မြင်ရရင်တော့

ငါ… သေနိုင်မယ်ထင်တာပဲ…

 

အချစ်ဦးမဖြစ်နိုင်တော့…

ရတယ် ကိစ္စမရှိ… အဲလိုဖြစ်အောင် ငါပဲ ဖန်တီးခဲ့လေတယ်လေ

ဒါပေမယ့် ရင်ဘတ်ထဲမှာတော့ သီချင်းတစ်ပုဒ်ကို သီဆိုနေခဲ့တယ်…

မင်းလေး ကိုယ့်ကို သတိရ ပြီးတာပဲ…

 

ရောင်စုံသက်တန့်လေးများ သူ့နံဘေးမှာ ပျံဝဲနေ…

ငါက မျှော်ကြည့်လျက်…

သူ့အတွက် ငါ မဟုတ်သေးသရွေ့တော့

သူ့အတွက် ပျော်စရာများစွာရှိစေသတည်း။

 

ရွှေနဒီ

၇.၁၁.၂၀၁၁

In: ကဗျာ Posted By: Date: Nov 13, 2011
Comment #1

wow,,,,
heart hti twar p.
mike de..
wow,,yin taung khone twar de,,sa kar lone a g g tway pe.
he,,he,,

commentinfo By: ei lay at Nov 14, 2011
Comment #2

သူ့ရဲ့အပြုံးအတွက်ဆို သိက္ခာကိုခါချဖို့ ဝန်မလေးခဲ့ဘူး…

ညဥ့်နက်နက်တွေမှာ သူ့စကားသံလေးတွေ ကြားနေရဖို့…

စွန့်လွှတ်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ် စတေးခဲ့တယ်…
လုလင် ခံစားအားပေးသွားပါတယ်

Comment #3

ကဗျားလေ အရမ်းကောင်ပါတယ်

commentinfo By: အိအိ at Nov 14, 2011
Comment #4

ထိမိ
ကြည့်မိ
ကဗျာကောင်း၏

commentinfo By: ခမ်းမွန်ကစ် at Nov 14, 2011
Comment #5

သူ့ရဲ့အပြုံးအတွက်ဆို သိက္ခာကိုခါချဖို့ ဝန်မလေးခဲ့ဘူး…

ညဥ့်နက်နက်တွေမှာ သူ့စကားသံလေးတွေ ကြားနေရဖို့…

စွန့်လွှတ်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ် စတေးခဲ့တယ်…
အဲဒီစာသားလေးကိုကြိုက်တယ်ဗျ။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 14, 2011
Comment #6

သိပ်ကောင်းတဲ့ကဗျာလေးပါ။
အားပေးနေပါတယ်။

commentinfo By: gadounlay at Nov 14, 2011
Comment #7

a yan kyike de,

commentinfo By: ei lay at Nov 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment