ယှဉ်ပြိုင်ခြင်း
ကွင်းဖွင့်ပွဲနေ့မှာ ကိုယ်ပိုင်နှလုံသား
 နိုင်ငံတော်သီချင်းဆိုပြီး အပြုံးနဲ့မိတ်ဆက်ခဲ့
 တာလွတ်ပွဲစတော့မည့် ဒီနေ့ရက်မှာ
 မင်းတို့အသင်း ငါတို့အသင်း ယှဉ်ပြိုင်ရင်း
 လေးသုံးသုံး ကစားကွက်ကို မင်းပုံဖော်ခဲ့
 ငါတို့အသင်းမှာတော့ လေး လေး နှစ်နဲ့
 တန်ပြန်တိုက်စစ် ကစားကြရင်း
 ငါ့အသင်းသားတွေ လူကျွန်ဘောမိခဲ့တယ်..။
 ပွဲမစခင်က မင်းကိုယ်တိုင်ခင်းကျင်းထားတဲ့
 လေး သုံး သုံး ကစားကွက်တွေက
 အရမ်းကောင်းလွန်းလို့ ငါကိုယ်တိုင် မျက်စိကျ
 သဘောဖက်မိတာ ငါ့နှလုံးသား အရည်ပျော်စက်ရုပ်တကောင်လို
 အငိုက်မိတဲ့ ဆဲ့ငါးမိနစ်ကာလတိုတွင်းမှာ မင်း ငါ့နှလုံးသား ဂိုးပေါက်တည်တည်ကို
 ကန်သွင်းခြင်းခံရလို့ ငါ့စိတ်တွေ ကယောင်ခြောက်ခြား ဖြစ်ခဲ့တယ်..။
 အချိန်နဲ့အရှိန်ရလာတော့ မင်းတိုက်စစ်က
 ငါကို ဖိအားပေးခဲ့လို့ ငါအလူးအလဲ ကာကွယ်ရင်း
 ခံစစ်အသွင်သို့ စီးဝင်လာတဲ့အခိုက်မှာ
 အလယ်တန်းလည်းပျက် တိုက်စစ်လည်းပျောက်လို့
 နောက်တန်းအဖောက်ခံလိုက်ရတာ မင်းတစ်ဂိုးသွင်းသွားလို့ပေါ့..။
 မင်းရဲ့နောက်တန်း ခံစစ်တွေက မဟာတံတိုင်းတစ်ခု
 တားဆီးကာကွယ်ချက် ကောင်းလွန်းလို့ 
 ငါ့တိုက်စစ်မှူးမျက်စိ အရူးမျက်ရည်ဝိုင်းသလို ဖြစ်ခဲ့တယ်
 အသိစောတဲ့ ငါ့အတွက် အကောင်းဆုံး အစားထိုး
 တိုက်စစ်တစ်ခုနဲ့ တန်ပြန်တိုက်စစ်ဆင်ရင်း
 နောက်တန်းက မင်းခံစစ်တွေကို ကျော်ဖြတ် ခွ..ချက် ထိုးလို့
 အချိတ်အဆက်မိမိနဲ့ ကန်သွင်းဂိုးယူခဲ့ပြီတော့
 ပထမပိုင်း သရေအဖြစ်နဲ့ ပြီးဆုံးသွားတာ ငါအရမ်းညံ့လို့ပါ..။
 တစ်ဂိုး သုညဖြစ်နေတဲ့ အဖြေရလာဒ်ထဲ
 ငါအသင်းကို တိုက်စစ်မြင့်တင်ဖို့
 တိုက်စစ်မှူးအသစ် နှစ်ဦးကိုလဲပြီ
 တိုက်စစ်ဆင်ခဲ့တာ သရေတစ်ဂိုးတစ်ဂိုးနဲ့
 ပထမပိုင်း ပြီဆုံးသွားခဲ့တယ်..။
 ဒုတိယပိုင်းကန်နေရင်း အားနည်းချက်
 အားသာချက်တွေ နှစ်ဖက်အသင်းတွက်
 အပြစ်ရှာမတွေ့လည်း အချစ်နာမိခဲ့တဲ့
 ငါ့အသင်းတွက် မျက်လုံးမာယာတွေနဲ့
 အလိမ်ခံကစားကွက်တွေကြား ရိုးသားမှုကိုအခြေခံလို့
 ဖိုင်နယ်မိနစ်မှာ နောက်ဆုံးအနိုင်ဂိုးသွင်းခဲ့တာပါ..။
 ဒါပေမဲ့
 မင်းရဲ့ကစားကွက် အရမ်းကောင်းလွန်းလို့
 ငါအနိုင်ရခဲ့သော်လည်း မာယာမျက်ဝတ်ဆံကြားမှာ
 စောသေးလို့ အကျောပေးတဲ့ပုံစံနဲ့
 ငါ့အသင်းကို ရိုက်ချိုးဖို့ မင်းစဉ်းစားခဲ့လည်း
 နောက်ဆုံးမိနစ်မှာတော့ ငါ့တိုက်စစ်က မြင့်တက်လို့
 ပင်နယ်တီကွင်းဆက်မှာ ကန်ချက်ကောင်းတစ်ချက်နဲ့
 နိုင်ဂိုးသွင်းခဲ့တာ တာထွက်ပွဲလေး တစ်ပွဲပြီးဆုံးခဲ့ပြီလေ..။
တက္ကသိုလ်မြတ်မင်း

 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 