Professional Authors

ရာသီခွင်မစုံတဲ့တွက်ချက်ခြင်းတွေမှာ ဥတုတစ်ခုကျပျောက်ခဲ့တာကြာပြီ . . . ။ ။

တစ်ရံရောအခါက မိုးဥတုလေးရေ

အခုတော့ တစ်နွေလွန်ခဲ့ပြန်ပေါ့

ဒီဆောင်းရှိုက်သံက နှင်းကျသံနဲ့ရောထွေး

မြူတွေသာဆိုင်းခဲ့ရပေါ့

(ဥပေက္ခာနွေကတော့တမြေ့မြေ့လောင်းကျွမ်းဆဲပါ)

 

ခုတော့ဝေးခဲ့ပြီ

တစ်ယောက်တည်းခြင်းအတူတူ

ကိုယ်ကပိုပြီးအကျအရှုံးများတာ

(ပိုချစ်ခဲ့လို့လား)

 

ပိုချစ်တဲ့သူ ကိုယ်မဖြစ်ပါရစေနဲ့လို့

ဆုတောင်းခဲ့သမျှ

နွေရာသီဟာ တကျော့ပြန်လာပုံထောက်ရင်

ကိုယ့်ဆုတောင်းတွေ မပြည့်ခဲ့ဘူးထင်ရရဲ့

 

မိုးဥတုလေးရေ

ခုတော့ဝေးခဲ့ပြီ

ကိုယ့်ရာသီခွင်မှာ  ဥတုတစ်ခုကျပျောက်ခဲ့တာလဲ

ကြာခဲ့ပေါ့

(ရာသီစက်ဝိုင်းထဲက

ကိုယ့်ရဲ့မိုးဥတုလေးက

ဘယ်ရင်ခွင်မှာရွာနေမလဲလို့

မှန်းမျှော်တမ်းတခွင့်မရှိတော့ပြီ)

 

မိုးဥတုလေးရေ

ဒီနွေ၊ ဒီဆောင်း ရှိနေပေမဲ့

ဘယ်တော့မိုးရွာမလဲကိုတော့

ကိုယ်မမျှော်လင့်ချင်တော့ဘူး

ကိုယ့်ရာသီခွင်က မပြည့်စုံပေမယ့်

မိုးမရှိလဲ နေရဲသွားပြီဆိုတာ

ကိုယ့်အတွက် သေချာသွားပြီပဲ

 

မင်းလွတ်လပ်စွာရွာသွန်းပါ

ဒီနွေ၊ ဒီဆောင်း၊ ဒီရပ်ဝန်းမဟုတ်တဲ့

မိုးနဲရပ်ဝန်းတစ်ခုခုမှာ

ပျော်ရွှင်စွာရွာသွန်းပါ . . . .        

 

(ဥတုတစ်ခုကျပျောက်ခဲ့ပေမဲ့ ကိုယ်နေရဲသွားပြီဆိုတာ သေချာသွားပြီ)

 

 

နတ်သမီး

In: ကဗျာ Posted By: Date: May 2, 2012
Comment #1

လုလင် အားပေးသွားပါတာ်

commentinfo By: thetnaung at May 2, 2012
Comment #2

1 ke hma ma chit ke tar koe,

commentinfo By: ei lay at May 2, 2012
Comment #3

ဟုတ်တယ် ဟုတ်တယ်
မအိလေး ပြောသလိုပဲ
ဒီကဗျာက အရင်ကဗျာရေးဟန်တွေနဲ့ ကွဲပြားတယ်နော်

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at May 2, 2012
Comment #4

အားပေးသွားပါတယ်………

commentinfo By: May Kha at May 2, 2012
Comment #5

ခုတော့ဝေးခဲ့ပြီ

တစ်ယောက်တည်းခြင်းအတူတူ

ကိုယ်ကပိုပြီးအကျအရှုံးများတာ

(ပိုချစ်ခဲ့လို့လား)

ပိုချစ်တဲ့သူ ကိုယ်မဖြစ်ပါရစေနဲ့လို့

ဆုတောင်းခဲ့သမျှ

နွေရာသီဟာ တကျော့ပြန်လာပုံထောက်ရင်

ကိုယ့်ဆုတောင်းတွေ မပြည့်ခဲ့ဘူးထင်ရရဲ့

မိုးဥတုလေးရေ

ခုတော့ဝေးခဲ့ပြီ

ကိုယ့်ရာသီခွင်မှာ ဥတုတစ်ခုကျပျောက်ခဲ့တာလဲ

ကြာခဲ့ပေါ့

(ရာသီစက်ဝိုင်းထဲက

ကိုယ့်ရဲ့မိုးဥတုလေးက

ဘယ်ရင်ခွင်မှာရွာနေမလဲလို့

မှန်းမျှော်တမ်းတခွင့်မရှိတော့ပြီ)
အားပေးလျက်………..။

commentinfo By: zawthetoo at May 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment