Professional Authors

စောင့်ကြိုနေမယ်…….

ဘာတွေများ အလိုမကျရတာလဲ
လိုရာကိုလိုသလို ဖြည့်ဆည်းပေးနေတာပဲ
အများကြီးလည်း ငါ မတောင်းဆိုပါဘူး
အကြင်နာတွေ ကိုယ်စီနဲ့
အရင်နေရာလေးမှာ နှစ်ယောက်သား
ပျော်ရွင်ခဲ့ဖူးတဲ့ အချိန်လေးနဲ့အတူ
မင်းလက်ကလေးကို ကိုင်ထားပြီး
ကိုယ် ကိုချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့
တသက်လုံး ကိုယ် နဲ့အတူနေမယ်ဆိုတဲ့ ကတိလေးတစ်ခုရယ်
မင်းပေးခဲ့ဖူးတဲ့ အနမ်းလေးတွေကို
အသက်ဝင်အောင် ပြန်သွင်းပြီး
ကို နဲ့ သဲ ဆိုတဲ့ အချစ်ဇာတ်လမ်းလေး
ဒုတိယပိုင်း ပြန်စချင်တယ်…

ငါကလည်း မှားခဲ့ပါတယ်..
အချစ်ဆိုတာကို မသိပဲနဲ့
ဘွဲ့တက်ယူခဲ့တာပဲလေ..
ဒါပေမဲ့ဟာ ငါရင်ဘတ်ထဲက
နှလုံးသားတစ်စုံကတော့ အဖော်မဲ့စွာနဲ့
နင်ပြန်လာမဲ့အချိန်ကို မှန်းမျှော်နေမိတယ်….

ငါကဗျာဆရာမို့
စကားလုံးလှလှလေးတွေသုံးတာမဟုတ်ရပါဘူး
မင်းစိုက်ခဲ့တဲ့ အချစ်လှံက
အခုမှ အဆိပ်တက်နေလို့ပါ….

ဘာကြောင့်ရယ်…ဘယ်လိုမှန်းမသိလိုက်တဲ့
အရင်တုန်းက မင်းပေးခဲ့တဲ့
အချစ်တစ်ခုကို ငါ တမ်းတလွမ်းဆွတ်ကာ
အရှုးတစ်ယောက်ဖြစ်နေပြီဆိုတာ
မင်းလေး ခံစားနားလည်လာတဲ့တစ်နေ့
ကိုယ် အရင်နေရာလေးမှာ
အဖော်မဲ့နေတဲ့ နှလုံးသားတစ်စုံနဲ့
စောင့်ကြိုနေမယ်…

                                                         ကြိုးစားလျက်
                                                                စိုး…

In: ကဗျာ Posted By: Date: Sep 23, 2013
Comment #1

🙂

commentinfo By: ei lay at Sep 24, 2013
Comment #2

hahaha…

commentinfo By: cynthia at Sep 25, 2013
Comment #3

ခံ စား ချက် နဲ့ ရေး ထား တာ ကို ခံ စား ရ ပါ တယ်။
အ ရမ်း ကြီ့း လှ အောင် ဖွဲ့ နွဲ့ မ ထား ပေ မယ့် ကိုယ့် ခံ စား မှု ကို ပေါ် လွင် အောင် ရိုး ရိုး ရှင်း ရှင်း လေး ရေး တတ် တာ ဒီ က ဗျာ ပိုင် ရှင် ရဲ့ style လေး ပါ။
အ ရမ်း ရိုး ရှင်း သော ချစ် စ ရာ က ဗျာ လေး တွေ အ မြဲ ဖန် တီး နိုင် ပါ စေ။့

commentinfo By: ei lay at Sep 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment