Professional Authors

နေ နှင် တဲ့ ဆောင်း

ငါပျောက်ကွယ်မှ
နင်အရောက်လာမယ်ဆို
အစထဲက ဒီဆောင်း……
ချောင်တချောင်မှာ….ပိတ်လှောင်ထားခဲ့မှာ။

မနှင်ပါနဲ့ ..နေရယ်…..
နင့်ကို ငါချစ်တယ်….
အငြိုးတွေကြောင့်
စိတ်ကစားတတ်တဲ့
သမင်ယောင်ဆောင် ထားပေမယ့်
ငါ့ရင်ခွင်ထဲ နင်မရှိရင်…
အသက်မဆက်တတ်တဲ့
“အောက်ချင်း”ဌက် ရဲ့ နှလုံးသားနဲ့
အသက်တည်ထားတယ်။

တကယ်တော့ မပူပါဘူး….
နင့်ရင်ခွင်ပေါ် ငါလောင်းခဲ့တဲ့ မီးတစက်
သွေးတ၀က်နဲ့ အေးစေထားပါတယ်။
ကိုယ့်အသားမှ နာတတ်သပဆို……
ငါ့ကို အရိုးအယွင်း မျှ မကျန်အောင်
နင်တောက်လောင်လိုက်စမ်းပါ
အပြုံးပျက်ခဲ့ရင် ဘ၀စက်တိုင်း….
အမုန်းတွေပဲ ဆက်တိုက် ရစေ။

ကိုယ့်အလွမ်းတွေ နဲ့ ကိုယ်သည်း
ကိုယ့် အငွေ့ နဲ့ ကိုယ် မည်းနေရတဲ့
ဒီအမှောင်ကောင်းကင်ထဲ
နေ ကိုတပ်မက်ခဲ့လို့
အပျက်ပျက်နဲ့ လွင့်ခဲ့ရပြီပဲ…………..
ဒါပေမယ့် ..ငါ….
ကျေနပ်ပါတယ်။

နင်တောက်ပဖို့ …
ငါဘ၀ငါ အမှောင်ချ
ရာသီခွင်ထဲက ငါ့အသက် ..
နင့်အတွက်.. တစက္ကန့် မချန်
ပေးအပ်ခဲ့တယ်
ထွန်းစေ …လင်းစေ…တောက်ပစေ….

ဆောင်းအိပ်မက်တွေလည်း မမက် တော့ဘူး
ညအမှောင် အလွှမ်းစောလို့ …
အနမ်းတောထဲ မှာ လည်း နေ ကို မပိတ်လှောင်တော့ဘူး
ငါမရှိမှ…..နင်တောက်ပမယ်ဆို……………..
…………………
….နင်သိပါတယ်……………
…………….……
နင့်အတွက်ဆို……
ဒီဆောင်း…………
ဘယ်နှစ် သံသရာတိုင်စေ………
ကြွေလွင့်ရဲတယ်ဆိုတာ……………….. နင့်ကို ပဲ ငါချစ်ခဲ့တယ်………….

In: ကဗျာ Posted By: Date: Apr 2, 2011
Comment #1

နင့်အတွက်ဆို……
ဒီဆောင်း…………
ဘယ်နှစ် သံသရာတိုင်စေ………
ကြွေလွင့်ရဲတယ်ဆိုတာ……………….. နင့်ကို ပဲ ငါချစ်ခဲ့တယ်………….
” မမိုးရေ ကဗျာက အရမ်းကိုခံစားလို့ကောင်းပါတရ် “

commentinfo By: apollo at Apr 2, 2011
Comment #2

ကျေးဇူးအများကြီးတင်ပါတယ် .. apollo 😀

commentinfo By: အသဲကွဲမိုး at Apr 2, 2011
Comment #3

ငါ့ရင်ခွင်ထဲ နင်မရှိရင်…
အသက်မဆက်တတ်တဲ့
“အောက်ချင်း”ဌက် ရဲ့ နှလုံးသားနဲ့
အသက်တည်ထားတယ်။
သစ္စာတရားရဲ့ ခမ်းနားပုံ…ကိုသူမြင်ပါစေလို့ဆုတောင်းပေးပါတယ်…
အားပေးသွားပါတယ်….မိုး

commentinfo By: terry at Apr 3, 2011
Comment #4

နေ မနှင်တဲ့ဆောင်း …..ဆိုပြီးနောက်တစ်ပုဒ်လောက်တောင်းဆိုပါတယ်
အစ်မတော်
အားပေးနေပါတယ်….အမြဲတမ်း

commentinfo By: moehtetaung18 at Apr 3, 2011
Comment #5

တကယ်တော့ မပူပါဘူး….
နင့်ရင်ခွင်ပေါ် ငါလောင်းခဲ့တဲ့ မီးတစက်
သွေးတ၀က်နဲ့ အေးစေထားပါတယ်။
ကိုယ့်အသားမှ နာတတ်သပဆို……
ငါ့ကို အရိုးအယွင်း မျှ မကျန်အောင်
နင်တောက်လောင်လိုက်စမ်းပါ
အပြုံးပျက်ခဲ့ရင် ဘ၀စက်တိုင်း….
အမုန်းတွေပဲ ဆက်တိုက် ရစေ။
အရမ်းကောင်းတာပဲ မိုးရယ်….အရမ်းကြိုက်တယ် မိုး ကဗျာဆက်တာ တော်တော် ကောင်းတာပဲ….။အားပေးပါတယ်….။

commentinfo By: ကေသရီ at Apr 4, 2011
Comment #6

အားပေးတဲ့ မောင်နှမများ အားလုံးကျေးဇူးတင်ပါတယ်.နော်
😀

commentinfo By: အသဲကွဲမိုး at Apr 4, 2011
Comment #7

နင်တောက်ပဖို့ …
ငါဘ၀ငါ အမှောင်ချ

နင့်အတွက်.. တစက္ကန့် မချန်
ပေးအပ်ခဲ့တယ်
ထွန်းစေ …လင်းစေ…တောက်ပစေ….

commentinfo By: moehtetaung18 at Apr 4, 2011
Comment #8

ငါ့ရင်ခွင်ထဲ နင်မရှိရင်…
အသက်မဆက်တတ်တဲ့
“အောက်ချင်း”ဌက် ရဲ့ နှလုံးသားနဲ့
အသက်တည်ထားတယ်။
မကေ … ကောင်းတယ်…

commentinfo By: genius.jinx28 at Apr 4, 2011
Comment #9

ငါပျောက်ကွယ်မှ
နင်အရောက်လာမယ်ဆို
အစထဲက ဒီဆောင်း……
ချောင်တချောင်မှာ….ပိတ်လှောင်ထားခဲ့မှာ။

မနှင်ပါနဲ့ ..နေရယ်…..
နင့်ကို ငါချစ်တယ်….

နင့်အတွက်ဆို……
ဒီဆောင်း…………
ဘယ်နှစ် သံသရာတိုင်စေ………
ကြွေလွင့်ရဲတယ်ဆိုတာ……………….. နင့်ကို ပဲ ငါချစ်ခဲ့တယ်………….

commentinfo By: နှင်း at Apr 8, 2011
Comment #10

မိုးကို အားပေးတဲ့မောင်နှမများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်နော်

commentinfo By: အသဲကွဲမိုး at May 29, 2011
Comment #11

ငါပျောက်ကွယ်မှ
နင်အရောက်လာမယ်ဆို
အစထဲက ဒီဆောင်း……
ချောင်တချောင်မှာ….ပိတ်လှောင်ထားခဲ့မှာ။

မနှင်ပါနဲ့ ..နေရယ်…..
နင့်ကို ငါချစ်တယ်….
အငြိုးတွေကြောင့်
စိတ်ကစားတတ်တဲ့
သမင်ယောင်ဆောင် ထားပေမယ့်
ငါ့ရင်ခွင်ထဲ နင်မရှိရင်…
အသက်မဆက်တတ်တဲ့
“အောက်ချင်း”ဌက် ရဲ့ နှလုံးသားနဲ့
အသက်တည်ထားတယ်။

တကယ်တော့ မပူပါဘူး….
နင့်ရင်ခွင်ပေါ် ငါလောင်းခဲ့တဲ့ မီးတစက်
သွေးတ၀က်နဲ့ အေးစေထားပါတယ်။
ကိုယ့်အသားမှ နာတတ်သပဆို……
ငါ့ကို အရိုးအယွင်း မျှ မကျန်အောင်
နင်တောက်လောင်လိုက်စမ်းပါ
အပြုံးပျက်ခဲ့ရင် ဘ၀စက်တိုင်း….
အမုန်းတွေပဲ ဆက်တိုက် ရစေ။

ကိုယ့်အလွမ်းတွေ နဲ့ ကိုယ်သည်း
ကိုယ့် အငွေ့ နဲ့ ကိုယ် မည်းနေရတဲ့
ဒီအမှောင်ကောင်းကင်ထဲ
နေ ကိုတပ်မက်ခဲ့လို့
အပျက်ပျက်နဲ့ လွင့်ခဲ့ရပြီပဲ…………..
ဒါပေမယ့် ..ငါ….
ကျေနပ်ပါတယ်။

နင်တောက်ပဖို့ …
ငါဘ၀ငါ အမှောင်ချ
ရာသီခွင်ထဲက ငါ့အသက် ..
နင့်အတွက်.. တစက္ကန့် မချန်
ပေးအပ်ခဲ့တယ်
ထွန်းစေ …လင်းစေ…တောက်ပစေ….

ဆောင်းအိပ်မက်တွေလည်း မမက် တော့ဘူး
ညအမှောင် အလွှမ်းစောလို့ …
အနမ်းတောထဲ မှာ လည်း နေ ကို မပိတ်လှောင်တော့ဘူး
ငါမရှိမှ…..နင်တောက်ပမယ်ဆို……………..
…………………
….နင်သိပါတယ်……………
…………….……
နင့်အတွက်ဆို……
ဒီဆောင်း…………
ဘယ်နှစ် သံသရာတိုင်စေ………
ကြွေလွင့်ရဲတယ်ဆိုတာ……………….. နင့်ကို ပဲ ငါချစ်ခဲ့တယ်………….

Comment #12

နင့်ကိုပဲ ချစ်ခဲ့တယ်…..

commentinfo By: နွေ at Jun 11, 2013
Comment #13

သေလို့ရပြီ
အဲ ဒီ လောက် ကြီး တော် တဲ့ မ မိုး ပါ။

အဲ ဒီ လောက် ကြီး တောင် တ ကယ် ချစ် တာ လား
အိ က တော့ အဲ လောက်ြ ကီး ချစ် တယ်။
ီ

commentinfo By: ei lay at Jun 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment