Professional Authors

မလျောက်ခဲ့ဖူးတဲ့ နံနက်

နှင်းရေစက်တွေ တစ်စက်ပြီး တစ်စက် လိမ့်ဆင်းလို့.. မိုးသောက်ကို ကြိုနေကြပြီ.. နံနက်ရဲ့ အရုဏ်မှာတော့ အမှောင်က နေရာယူထားဆဲ… မော်တော်သံက တဖြည်းဖြည်း ဝေးသွားသလို အေးစိမ့်တဲ့ လေပြေက
ညာဘက်နားထင်စပ်ကို လှုပ်ဆွဲခဲ့တဲ့ ခဏလေးမှာ အအေးဓါတ်က ကျနော့ကို လွှမ်းခြုံခဲ့တော့တယ်..
ရှေ့လက်တစ်ကမ်းက အလင်းရောင်ကိုလဲ ကမ်းလင့်ဖို့လဲ အချိန်ကမတန်သေး… အမှောင်ကနေ
ရှေ့ဆက်ဖို့ကြတော့လဲ မှတ်မိနေဆဲ လတ်လတ်ဆတ်ဆတ် အိမ်မက်လေးက မြည်းလို့ ကောင်းနေတုန်း…
မနက်ဖြန်အတွက်တော့ မသိ အခုတော့ အေးနေလိုက်တာများ… အလိုလို
စောင်ကိုထွေးလို့ တစ်ချက်လောက်တော့ တုန်လိုက်သေးတယ်…ဟူး လေအေးအေးလေး ကျနော့
မျက်နှာပေါ် ဖြတ်ပြေးသွားတယ် ..လတ်ဆတ်လိုက်တာ…လေရဲ့ ရနံလေး တစ်စွန်းတစ်စ
နှာဖျားပေါ်မှာ အခုထိ ကျန်နေတုန်းပဲ…အရသာရှိလိုက်တာ….
တော်တော်တော့ ကြာပါပြီ ငယ်ငယ်တုန်းကပေါ့
အခုလို မနက်စောစောပဲ ခရေပန်းတွေ မလိုချင်ပါပဲ ကေါက်နေမိခဲ့တယ်..
ခရေပန်းလေးတွေ လက်ကိုင်ပ၀ါနဲ့ ထုပ်ပြီး မွှေးရနံကို နမ်းနေမိတယ်…
ဘယ်သူအတွက်မှ မရည်ရွယ်ပါပဲ ခရေပန်းကုံးလေး တယုတယ သီနေမိတယ်….
တကယ်ပါ ပန်းမကြိုက်ပေမယ့် ဘာလို့ ပန်းနဲ့ အလုပ်ရှုပ်နေမှန်း မသိခဲ့ဘူး….
အခုလဲ နံနက်စောစော အိပ်ရာထရတာ မကြိုက်တဲ့ငါ ဘာလို့ စောစော နိုးနေမှန်းမသိဘူး..
ပြီးတော့ လတ်ဆတ်တဲ့ လေပြေတွေ ဆွဲဆောင်တာကို ပျော်ဝင်လို့
အရသာထဲ မိန်းမောနေတာကိုများ တကယ်မယုံနိုင်တဲ့အဖြစ်…
ဒါပေမယ့် တကယ်ကြုံနေရတယ် မဟုတ်လား..
ငယ်ငယ်က အတိတ်ကို လွမ်းလို့ အခုအတွေးနဲ့ ကျနော် ဆုံနေမိခဲ့တယ်..
ပတ်ဝန်းကျင်က တိတ်ဆိတ်လို့ ငြိမ်သက်နေဆဲပါ
မကြိုက်ပဲနဲ့ စားနေတာကိုက အရသာတွေနေပုံပါ..
ဘာဖြစ်ဖြစ် တ၀ကြီးရှုလိုက်မယ်…တ၀ကြီးခံစားလိုက်မယ်…နှောင်စောစော မနိုးရင်
ကြုံရဖို့ဆိုတာ မလွယ်တော့…အေးမှန်း မအေးမှန်းမသိတော့ဘူး.. ခြေထောက်တွေကို
ချုပ်နှောင်လို့ မရလေတော့…၀ရန်တာ အရောက် ထွေးစောင်ကို ခွာလို့ သက်ပြင်းရှည်ကြီး
ချမိခဲ့တယ်….ဟူး………ကျနော် ဒီအချိန် ဒီလမ်း တစ်ခါမှ မလျောက်ခဲ့ဖူးဘူး…တကယ်ပါ…

In: ကဗျာ Posted By: Date: Feb 1, 2012
Comment #1

အခုလဲ နံနက်စောစော အိပ်ရာထရတာ မကြိုက်တဲ့ငါ ဘာလို့ စောစော နိုးနေမှန်းမသိဘူး..
ပြီးတော့ လတ်ဆတ်တဲ့ လေပြေတွေ ဆွဲဆောင်တာကို ပျော်ဝင်လို့
အရသာထဲ မိန်းမောနေတာကိုများ တကယ်မယုံနိုင်တဲ့အဖြစ်…
ဒါပေမယ့် တကယ်ကြုံနေရတယ် မဟုတ်လား..

commentinfo By: kantkawmg at Feb 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment