Professional Authors

မိထက်သို့ (မင်းလူန)

မေ့ ဖို့ မေ့ နေတဲ့ ကဗျာနဲ့ 
ဒီနေရာမှာ
အဆုံးမဲ့ ရိုးသားလိုက်တယ်
ထက်ရေ……..
နှလုံးသားတစ်ခုလုံးရဲ့ ဆန္ဒအရတော့ 
ချစ်ခြင်းမှာ
ကို့ မေတ္တာတွေက
အသိပ်သည်းဆုံးသစ္စာတရားကိုထမ်းပိုလို့ 
………….
ယုံပါ
ခြွင်းချက်မရှိနွမ်းပါးတဲ့ ဘ၀မှာ
အချမ်းသာဆုံးက
စကားလုံးတွေနဲ့ ရက်လုပ်တဲ့ 
ကဗျာဆရာတစ်ယောက်ရဲ့ မေတ္တာ
ဘယ်လို
စည်းချက်နဲ့ မှတိုင်းလို့ မရတဲ့ တေးတစ်ပုဒ်ဖြစ်လို့ 
…………….
မမြင်နိုင်တဲ့ လေထဲက
မခိုင်လုံတဲ့ စကားလုံးတွေကို
စိတ်တစ်ခုတည်းနဲ့ ဖွဲ့ သီပြီး
ဒီကဗျာအဆုံးမှာ
ခံစားချက်တွေရေးချလိုက်တယ်
ချစ်တယ်မိထက်ရယ်။။။။။။။။။။။။။။။။။။။။။

              မင်းလူန

In: ကဗျာ Posted By: Date: Apr 25, 2012
Comment #1

mike hma mike.
a hman a kan tway pop,hote lar?

commentinfo By: ei lay at Apr 25, 2012
Comment #2

ကဗျာတစ်ပုဒ်လုံးက ရိုးရိုးလေးနဲ့လှတယ် . .
မိထက်ကြားရင်ကြွေသွားမှာ အစ်ကိုမင်းလူန . . 🙂

commentinfo By: နတ်သမီး at Apr 26, 2012
Comment #3

ယုံပါ
ခြွင်းချက်မရှိနွမ်းပါးတဲ့ ဘ၀မှာ
အချမ်းသာဆုံးက
စကားလုံးတွေနဲ့ ရက်လုပ်တဲ့ 
ကဗျာဆရာတစ်ယောက်ရဲ့ မေတ္တာ…………….

commentinfo By: May Kha at Apr 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment