Professional Authors

သံစဉ်စ…………………………………………………………………………………မင်းလူန

ကတိတစ်ခု……….
မုသားလှလှလေးနဲ့ ထုပ်ပို့း သူလို
ငါ့ ကိုရင်ခွင်ပျက်စေခဲ့ တယ်
ရာသီစက်ဝန်းထဲ
ကျိန်စာသင့် သူတစ်ယောက်ရဲ့ 
ဝေဒနာမှာ
အလွမ်းဓါတ်ကခပ်များများ
ပိုင်ဆိုင်သမျှတွေ
အကုန်သွန်ချပြကြေးဆိုရင်
မင်းပေးခဲ့ တဲ့ ကတိကို
ယုံကြည်မှု့ နဲ့ မေတ္တာတရားပေါင်းပြီး
သိမ်းထားတဲ့ကဗျာဟောင်းတွေက
ခုဆိုခြစာပြီးအရောင်တွေလွင့် 
သေတ္တာထဲဟိုတစ်သည်စပေါ့ 
အထီးကျန်ခြင်း
အချိန်ဆိုးတွေထဲ
တစ်ခါတစ်လေ
ချစ်ခြင်းရဲ့ 
ဒဏ်ရာဒဏ်ချက်တွေကြောင့် 
ငါ့ အနာဂါတ်တွေ
အမောဖေါက်တယ်
ဒီလိုနဲ့ ပဲ
မင်းကတိကို
အလွမ်းပြေမော့ သောက်ပစ်လိုက်တယ်
ကမ္ဘာကြီးလဲလည်
ငါလဲလည်နဲ့ ပါပဲ 
                        မင်းလူန

In: ကဗျာ Posted By: Date: Jan 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment