Professional Authors

မောင်သို့ (မင်းလူန)

မိန်းခလေးပါမောင်
ရင်ဘက်ထဲမျာရှိတဲ့ အတိုင်းတော့ ဘယ်လိုပွင့် လင်းလို့ ရနိုင်မှာလဲ။ခေတ်ပြောင်းသွားတယ်ဆိုတဲ့ အကြောင်းပြချက်ကို
ခိုင်လုံပြီအထင်နဲ့ နှလုံးသားတစ်ခုလုံးကိုလှစ်ပြရဲလောက်အောင်ကျွန်မမမိုက်ရဲဘူးမောင်။တစ်ကယ်ဆိုအစဉ်အလာထဲမှာ
နေနေရတာကိုကတန်ဘိုးတစ်ခုရဲ့ အဆုံးစွန်ဆုံးစောင့် ထိန်းခြင်းပဲမဟုတ်လား။
တစ်ဘက်သက်ဆိုတဲ့ ခံစားမှု့ ဟာကျွန်မတို့ မိန်းခလေးတွေနဲ့ ပိုပြီးသက်ဆိုင်တယ်ပိုပြီးနီးစပ်တယ်လို့ ကျွန်မတော့ ယုံကြည်
တယ်။ရပ်တည်မှု့ ချင်းမတူပေမဲ့ မိန်းခလေးပဲဆိုတာတော့ တူတူပါပဲမောင်ရယ်။ဒါပေမဲ့ ကျွန်မကပဲသူများထက်ပိုပြီးကြောက်
တက်ခဲ့ သူပဲလား။ခေါင်းငုံ့ ပြီးမျက်ရည်တွေဝေ့ နေလောက်အောင်အထိပျော့ ညံ့ နေတက်တာမျိုးတော့ မဟုတ်ပါဘူးမောင်။
အမှန်တရားကိုလုပ်ရဲ ရတယ်ပြောရဲရတယ်လို့ ကျွန်မကြားဖူးပေမဲ့ နေရာတိုင်းအမှန်တရားကိုကိုးကွယ်လို့ မရတာကိုက   –
လောကရဲ့ သီအိုရီတစ်ခုပဲဖြစ်လိမ့်မယ်ထင်တယ်မောင်.
မောင့် ကိုကျွန်မချစ်တယ်။အဲ့ ဒါဟာကျွန်မနှလုံးသားရဲ့ မောင့် အပေါ်မှာထားတဲ့ အမှန်တရားတစ်ခုပါမောင်
ကျွန်မကဘယ်လိုမျက်နှာထားမျိုးနဲ့ ဖွင့် ပြောလို့ ရမှာလဲမောင်.
သိက္ခာတ၇ားနဲ့ အရှက်ကိုထိခိုက်စေမဲ့ အဲ့ ဒီအမှန်တရားကိုကျွန်မမကိုးကွယ်မိဘူးမောင်
အဲ့ ဒီတော့ တစ်ဖတ်သက်ကျိတ်ပြီးခံစားရတဲ့ ဝေဒနာတွေနဲ့ နှလုံးသားမှာအချစ်တွေကမီးစလေးတွေဖြာစင်းလာသလိုတဖြေး
ဖြေးပူလောင်စေလာတော့ တာပဲ။
ဒါပေမဲ့ အဲ့ ဒီဝေဒနာကိုပဲငါမိန်းခလေးပဲဆိုတဲ့ ခံစားချက်နဲ့ ကျိတ်မှိတ်မျိုးသိပ်ခဲ့ ရတာကြာပြီ
ပင်ပန်းလိုက်တာမောင်ရယ်
ကျွန်မစိတ်ထဲမှာမောင်လို့ တခုတ်တရခေါ်ပြီးရင်းနှီးနေတဲ့ ကျွန်မချစ်နေရတဲ့ မောင့်မှာကျွန်မနှလုံးသားထဲကိုမြင်နိုင်တဲ့ 
စိတ်စွမ်းအင်လေးရှိရင်သိပ်ကောင်းမှာပဲလို့ တခါတလေကလေးတွေးလေးတွေးမိတယ်။
အကျွမ်းတ၀င်မရှိတဲ့ ဆက်ဆံရေးကြောင့် နီးစပ်မှု့ ဆိုတာလဲမောင်နဲ့ ကျွန်ကြားမှာမရှိခဲ့ တော့ ကျွန်မကဘယ်လိုအရိပ်
အခြေမှပြလို့ မရဘူးဖြစ်နေတယ်မောင်။မောင်သိအောင်အမူအယာတွေနဲ့ ပြသခွင့် မရခဲ့ ဘူး။
အချစ်ဟာလူနှစ်ယောက်လုံးဆီကိုတပြိုင်တည်းဝင်းရောက်ပြီးခြေကုပ်ယူတယ်ဆိုရင်တောင်ကျွန်မတို့ မိန်းမသားတွေက
အဲ့ ဒီအချစ်ကိုပြည့် ဝစွာခံစားဖော်ထုတ်နိုင်ခွင့် ဆုံးရှုံးခဲ့ ပြီးသားလိုဖြစ်နေတယ်နော်မောင်။
မောင်ဆီကဖွင့် ဟပြောဆိုလာတဲ့ အထိစောင့် စားဖို့ ပဲရှိတော့ တာပေါ့ လေ။
အဲ့ ဒီလိုဖြစ်လာဖို့ ကျွန်မအနေနဲ့ ကံကြမ္မာကိုပဲမျှော်လင့် တကြီးအားကိုးမိပြန်ရော။
ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီးထင်ပေါ်ကျော်ကြားနေတဲ့ အမျိုးသမီးသူရဲကောင်းတွေဟာလဲယောကျာ်းတွေနဲ့ တခြားနေရာမှာ
သာရင်ဘောင်တန်းပြီးရပ်တည်နိုင်မှာပါမောင်။
စောင့် ထိန်အပ်တဲ့ သက္ခာတရားနဲ့ အရှက်တရားအတွက်တော့ မောင်တို့ ယောကျာင်္းတွေလောက်ပွင့် လင်းခွင့် မရခဲ့ ဘူးလို့ 
ကျွန်မယုံကြည်တယ်။
အဲ့ ဒါဟာသဘာဝတရားကြီးရဲ့ အစဉ်အလာတစ်ခုလို့ ပဲကျွန်မထင်တယ်မောင်။
ဟုတ်ရဲ့ လားမောင်။
တစ်ကယ်တော့ တစ်ဖတ်သက်ဆိုတဲ့ ခံစားချက်ဟာတစ်သက်လုံးဖတ်တွယ်ထားရမဲ့ ဝေဒနာဆိုးကြီးလိုပဲမောင်ရယ်
အနောက်တိုင်းသူပဲဖြစ်ဖြစ်အရှေ့ တိုင်းသူပဲဖြစ်ဖြစ်မိန်းမဟာမိန်းမပါပဲမောင်။သူတို့ ဆီမှာတူညီတဲ့ အချက်တစ်ခုရှိတယ်။
အဲ့ ဒါဟာယဉ်ကျေးမှု့ ကွဲပြားတာနဲ့ ဆိုင်ချင်လဲဆိုင်မယ်မဆိုင်ချင်လဲမဆိုင်ဘူး။အချစ်ကိုဘ၀တစ်ခုလိုတန်ဘိုးထားတက်
ကြတယ်ဆိုတာပါပဲမောင်။
ကျွန်မမောင့် ကိုသိပ်ချစ်တာပဲ။မောင်သိနိုင်အောင်ပြောပြဖို့ ကျွန်မရဲ့ စကားလုံးတွေကိုထုဆစ်ထားတဲ့ ကဗျာတစ်ပုဒ်တောင်
ရင်ဘက်ထဲမှာရုပ်လုံးပေါ်နေပါပြီမောင်။
…….တွယ်တာမှု့ နှောင်ကြိုးကို
…….မျက်ဝန်းတစ်ခုကနေဖမ်းဆုပ်မိ
…….အဲ့ ဒီမှာကျွန်မနှလုံးသားရာသီပျက်ရတော့ တာပဲ။
…….အချစ်ဟာနံရိုတစ်ချောင်း
…….ပန်းသီးတစ်လုံးဖြစ်ချင်မှဖြစ်မယ်
…….အချစ်ဟာဖုံကွယ်လို့ ထားလို့ မရတဲ့ မီးခိုးငွေ့ တွေလဲဖြစ်နိုင်တာပဲ
…….ဘာပဲဖြစ်ဖြစ်ကျွန်မမောင့် ကိုချစ်နေပြီမောင်
ကဗျာလေးကောင်းရဲ့ လားမောင်။ကျွန်မနှလုံးသားထဲကယိုစိမ့် စီးဆင်းလာတဲ့ စကားလုံးတွေမို့ အဲ့ ဒီမှာကျွန်မပြောချင်တဲ့ အမှန်တရားတွေရှိနေတယ်မောင်။
မောင်ကိုသိပ်ချစ်တာပဲ
………………………………………..
………………………………………..
                                                                    မင်းလူန

In: ကဗျာ Posted By: Date: Feb 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment