Professional Authors

ဒါကိုဖတ်ကြပါ(မင်းလူန)

……………..ဒါကိုဖတ်ကြပါ………..

ပြောပြခွင့် ပေးပါ
ကဗျာတွေမရေးဖြစ်တဲ့ ဒီအချိန်မှာ
ရေးချင်တာတွေရေးချပစ်လိုက်တယ်။
အိမ်မှာလေ…..
အမေနေမကောင်းလို့ တဲ့ 
မိန်းမကိုဈေးဖိုမပေးတာ
ခြံထဲကကစ်မီကွစ်လေးငြိုးပြီးသေတော့ မယ်
မိုးကြိုးတွေ
တရစပ်ပစ်ချခံရတဲ့ သတင်းလို
မနေ့ ကကျွန်တော်အလုပ်ပြုတ်ခဲ့ တယ်
———-
ထူထူထောင်ထောင်ဖြစ်အောင်ဆိုပြီး
လမ်းထိပ်ကကိုယ်ကျပ်မလေးတွေထွက်ငေးတဲ့ တနေ့ မှာပေါ့ 
စိတ်
တနေကုန်အချဉ်ဖောက်ခဲ့ ရတယ်
တကယ်ပါပဲ
လွမ်းပါတယ်ဆိုမှ
ငယ်ချစ်ဦးကမနေ့ ညကအိပ်မတ်မှာ
ကိုယ်ယောင်လာပြသွားသေးတယ်
……………
ဟစ်တလာက
သူ့ ကိုသူသက်သေဖို့ 
မြေအောက်ခန်းထဲကိုဘယ်သူမှ
ဆွဲခေါ်သွားတာမှမဟုတ်ပဲ
တစ်ကယ်ဆို
အမေစုလောက်လူချစ်လူခင်မပေါရင်လဲနေပါစေတော့ 
ကဗျာတွေမရေးဖြစ်တဲ့ အချိန်မှာ
ရေးချင်တာတွေချရေးလိုက်ရတာကိုက
အနုပညာနဲ့ 
စိတ်ကိုကုစားခွင့် ရလိုက်ခြင်းပါပဲ
………………
ကျေးဇူးပါမေမေ
ထူးအိမ်သင်တော့ မဟုတ်ဘူး
လောကကြီးရဲ့ အနာအဆာတွေကုသဖို့ 
ဒီဦးနှောက်တစ်လုံး
တပ်ဆင်ခွင့် ရခဲ့ တာကိုပါ
………………
လူ့ ဖြစ်စဉ်တစ်ခုရဲ့ 
ဒီအခိုက်အတန့် မှာ
ဒီကဗျာကိုသင်ဖတ်ပြီး
တစ်ခုခုပြောချင်ရင်
မညှာတာတမ်း
လုံးဝမညှာတာစတမ်း

                            မင်းလူန

In: ကဗျာ Posted By: Date: Oct 8, 2012
Comment #1

မညှာဘူး….ဖတ်သွားတယ် ..

commentinfo By: အသဲကွဲ မိုး at Oct 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment