“ဘယ်တော့မှ ငါ့ကို နင် ချစ်တယ်လို့မပြောနဲ့”
အစထဲက
အဆုံးသတ်အတွေးသာ
ပေးခဲ့တယ်ဆိုတာ
ခဏခဏ..ရင်နာခံပြီး
မရှင်းပြချင်လို့
ကျေးဇူးပြုပြီး..
တနေ့တခေါက်တော့မှန်ပုံမှန်ကြည့်ပါ
…………
ဘယ်သူသေသေ ငတေမာရင်ပြီးနေတဲ့
နင့်ဂရုစိုက်မှုတွေ သည်းထန်ခဲ့ရက်နဲ့
ငါတလွဲတွေ..ဆွေးနေတာလို့
ခိုင်မာစွာ..ပြောချနိုင်တဲ့အခါ
ဒီဇာတ်လမ်းရဲ့
ဖောက်လွဲသူ “ငါ”..လို့ အမည်ခံမှာပါ။
……………..
ဘယ်တုန်းကမှ…
အသုံးမတည့်ခဲ့တဲ့ ငါ့အနမ်းတွေကို
ဘယ်တုန်းကမှလည်း..
နင်မခုံမင်ခဲ့ဖူးဆိုတာ
အကူ စ ဖွေရှာတဲ့နင်
ဝန်မခံလည်းရပါတယ်
ဒီလူကို ..ပြန်မ ရမ်း ပါနဲ့။
…………….
ဘယ်သူ့ကြောင့်ဖြစ်ဖြစ်
ခွဲရမယ်လို့….
နင် ပြောချလိုက်တိုင်း ငါ ကမ္ဘာ` ထဲ
ကောင်းကင်ပြို..အလင်းတွေပုန်းခဲ့
ငါ…နင့်ကိုခွဲရမှာ…..
သေတာထက် နာတတ်ခဲ့တယ်။
……………..
နင်မမြင်ခဲ့ပဲ
ငါမငိုပါဘူးလို့….စွပ်စွဲရက်ရင်…..
နင့်ကို..ငါမျက်ရည်တွေက လှောင်ပြောင်ကြလိမ့်မယ်
နင်မသိခဲ့ပဲ..
ငါမရှိခဲ့ဘူးလို့…..ငြင်းရက်ရင်….
နင့်အရိပ်တွေ နင့်ကို ခြောက်လှန့်လိမ့်မယ်
နင်မလိုချင်ခဲ့ပဲ.
ထွက်သွားသူဟာငါ လို့…ပြောရက်ရင်….
နင့်လက်ဖ၀ါးတွေက နင့်ကိုဒဏ်ခတ်လိမ့်မယ်
နင်နားမလည်ခဲ့ပဲ
ဒီရင်ခွင် အမှတ်အတေးကင်းတယ်လို့..
ယူဆ..စွန့်ပြစ်… ဂရုမစိုက်
နောက်ဆုံးချိန်ထိ
အသည်းနာအောင် မိုက်ကန်းခဲ့တာ….
ငါ..စက်..ရုပ်…..မဟုတ်လို့
အသွေးအသားတို့ ..
မျက်ရည်အငြိုး..
တနေ့
နင်ငါ့နေရာ ရောက်လာတဲ့အခါ
ကြွေနိုင်အောင်ကြွေ…..
ငတေ နင် …
ကိုယ်တိုင်သေတဲ့အခါ..အမျှဝေသူမမျှော်နဲ့ပေါ့
…………………….
ဒီတခါ နောက်ဆုံး
ဒီတကြိမ်အပြီးသတ်
ဒီစာအဆုံးမှာ..
ငါ နင့်အမုန်းတွေပိုက်လို့
အသည်းကစားတဲ့ နင့်ပွဲစားတမ်းထဲမှာ
ငါ့နှလုံးသားသေသွားပြီဆိုတာ
….အမှတ်ထားပေး
နင့်လိပ်ပြာမှာ မျက်နှာဖုံးတပ်မထားခဲ့ရင်
ဘယ်သောအခါမှ ငါ့ကို နင်….ချစ်တယ် လို့ မပြောနဲ့။
Comment #3
ကြိုက်တယ်ဗျာ အားပေးသွားတယ်နော်
By: နေသွေး at Mar 18, 2011
Comment #4
ခံစားသွားပါတယ်..
By: မွန်မွန် at Mar 18, 2011
Comment #5
နင်မမြင်ခဲ့ပဲ
ငါမငိုပါဘူးလို့….စွပ်စွဲရက်ရင်…..
နင့်ကို..ငါမျက်ရည်တွေက လှောင်ပြောင်ကြလိမ့်မယ်
နင်မသိခဲ့ပဲ..
ငါမရှိခဲ့ဘူးလို့…..ငြင်းရက်ရင်….
နင့်အရိပ်တွေ နင့်ကို ခြောက်လှန့်လိမ့်မယ်
နင်မလိုချင်ခဲ့ပဲ.
ထွက်သွားသူဟာငါ လို့…ပြောရက်ရင်….
နင့်လက်ဖ၀ါးတွေက နင့်ကိုဒဏ်ခတ်လိမ့်မယ်
နင်နားမလည်ခဲ့ပဲ
ဒီရင်ခွင် အမှတ်အတေးကင်းတယ်လို့..
ယူဆ..စွန့်ပြစ်… ဂရုမစိုက်
နောက်ဆုံးချိန်ထိ
အသည်းနာအောင် မိုက်ကန်းခဲ့တာ….
ငါ..စက်..ရုပ်…..မဟုတ်လို့
အသွေးအသားတို့ ..
မျက်ရည်အငြိုး..
တနေ့
နင်ငါ့နေရာ ရောက်လာတဲ့အခါ
ကြွေနိုင်အောင်ကြွေ…..
ငတေ နင် …
ကိုယ်တိုင်သေတဲ့အခါ..အမျှဝေသူမမျှော်နဲ့ပေါ့
ဒီတခါ နောက်ဆုံး
ဒီတကြိမ်အပြီးသတ်
ဒီစာအဆုံးမှာ..
ငါ နင့်အမုန်းတွေပိုက်လို့
အသည်းကစားတဲ့ နင့်ပွဲစားတမ်းထဲမှာ
ငါ့နှလုံးသားသေသွားပြီဆိုတာ
….အမှတ်ထားပေး
နင့်လိပ်ပြာမှာ မျက်နှာဖုံးတပ်မထားခဲ့ရင်
ဘယ်သောအခါမှ ငါ့ကို နင်….ချစ်တယ် လို့ မပြောနဲ့။ ဘယလိုနှစ်သိမ့်ရမှန်းတောင်မသိတော့ဘူး…အသဲကွဲမိုးရေ..နာကျည်းခြင်းအက်သံတွေ..ပဲ့တင်ထပ်နေတယ်…
By: kyawtint at Mar 18, 2011
Comment #6
တနေ့
နင်ငါ့နေရာ ရောက်လာတဲ့အခါ
ကြွေနိုင်အောင်ကြွေ…..
ငတေ နင် …
ကိုယ်တိုင်သေတဲ့အခါ..အမျှဝေသူမမျှော်နဲ့ပေါ့
…………………….
ဒီတခါ နောက်ဆုံး
ဒီတကြိမ်အပြီးသတ်
ဒီစာအဆုံးမှာ..
ငါ နင့်အမုန်းတွေပိုက်လို့
အသည်းကစားတဲ့ နင့်ပွဲစားတမ်းထဲမှာ
ငါ့နှလုံးသားသေသွားပြီဆိုတာ
….အမှတ်ထားပေး
နင့်လိပ်ပြာမှာ မျက်နှာဖုံးတပ်မထားခဲ့ရင်
ဘယ်သောအခါမှ ငါ့ကို နင်….ချစ်တယ် လို့ မပြောနဲ့။ ဖတ်ရင်းနဲ့ရင်တောင်နင့်လာတယ်…ဒါပေမယ်…အဆုံးထိဆက်ဖတ်ဖြစ်ပါတယ်…အရမ်းကိုမိုက်ပါတယ်…
By: terry at Mar 18, 2011
Comment #8
ဒီတခါ နောက်ဆုံး
ဒီတကြိမ်အပြီးသတ်
ဒီစာအဆုံးမှာ..
ငါ နင့်အမုန်းတွေပိုက်လို့
အသည်းကစားတဲ့ နင့်ပွဲစားတမ်းထဲမှာ
ငါ့နှလုံးသားသေသွားပြီဆိုတာ
….အမှတ်ထားပေး
ကြိုက်တယ်..အားပေးပါတယ်ဗျာ
ကျွန်တော်လည်း အဲလိုရေးချင်တာ..
By: abcd at Mar 18, 2011
Comment #9
ကောင်းလိုက်တာ….အဲလိုခံစားချက်မျိုးပြန်ထင်ဟပ်စေတဲ.ကဗျာလေးခံစားချက်ခြင်းတူသွားသည်။
By: sawmyawadi at Mar 18, 2011
Comment #10
မိုက်တယ်ကွာ……..ရှယ်ပဲ………တကယ်ပြောတာပါ
By: thiribo at Mar 18, 2011
Comment #12
မမိုးေ၇… ကောင်းလိုက်တာဗျာ.
ထပ်တူခံစား၇ပါတယ်…
By: genius.jinx28 at Mar 20, 2011
Comment #13
ကျေးဇူးအများကြီးတင်ပါတယ်….မိုးကိုအားပေးကြ
တဲ့မောင်နှများအားလုံးကို..ကျေးဇူးအများကြီးနော် :D:D:D
By: အသဲကွဲမိုး at Mar 22, 2011
Comment #15
“ဒီတခါ နောက်ဆုံး
ဒီတကြိမ်အပြီးသတ်
ဒီစာအဆုံးမှာ..
ငါ နင့်အမုန်းတွေပိုက်လို့
အသည်းကစားတဲ့ နင့်ပွဲစားတမ်းထဲမှာ
ငါ့နှလုံးသားသေသွားပြီဆိုတာ
….အမှတ်ထားပေး
နင့်လိပ်ပြာမှာ မျက်နှာဖုံးတပ်မထားခဲ့ရင်
ဘယ်သောအခါမှ ငါ့ကို နင်….ချစ်တယ် လို့ မပြောနဲ့။ ”
ချစ်….အရမ်းကောင်းတယ်….!! နင်သိပ်ခံစားနေရမှန်းငါအသိဆုံးပါ.. ! :'(
By: အလွမ်းဆု at Jun 2, 2011
Comment #18
mike de kwa
By: ei lay at Feb 5, 2012
Comment #19
very good writing
By: cynthia at May 30, 2012
Comment #20
အရမ်းကောင်းတဲ့ ကဗျာပါ ပဲ…ထိမိပါပေတယ်
By: chit lay at Jun 1, 2012
Comment #22
ဘယ်တော့မှ ငါ့ကို နင် ချစ်တယ်လို့မပြောနဲ့……………!!!
By: နွေ at Nov 22, 2013
Comment #23
ခံစားချက်စစ်စစ် ကဗျာတပုဒ်
By: jinger at Nov 25, 2013




Comment #1
ကောင်းတယ် မိုးရေ…… နာကျည်းသံစွတ်စွတ်နဲ့ နင့်လိပ်ပြာလို့ပြောလိုက်တော့
ကျွန်တော့်လိပ်ပြာတောင် လန့်သွားတယ်……
ကဗျာလေး အရမ်းကောင်းပါတယ်………..