Professional Authors

ရွှေသမင် တာထွက် – နရီထက်

အခြံအရံနှင့် အတားအဆီး
လုံခြုံမယ့် သည်စိတ်ကူး
သံခုနစ်လွှာနှင့် စိတ်ရူးကို
သော့ခတ်မယ့် ကြံထူးသလား

ဂုတ်ဆွဲလိုက်ချင်တဲ့ မျက်ညာအစုံ
အဟုတ်တိနှင့် ခေါင်းတွေက
လွဲခါ ညိတ်ရမ်းပြတတ်တယ်

နည်းနာရယ် လွှာ
အမာခံ စိတ်ဓါတ်
တင်းမလျော့တဲ့ ပုံစံခွက်နှင့်
အသာလေး ကောက်ယူရုံပါ


သားကောင်မှန်းသိ
မုဆိုးဒူးထောက် လေညွတ်ကွင်းလည်း
ပစ်ချက်က လေမလွဲဖို့ လိုသေးတယ်


ပိတ်ဆို့ရယ် လည်
မိရင်တော့ကွယ်
သနားစိတ်ပို လမ်းလွဲဖို့တော့ 
အခွင့်တွေ ထပ်မပေးစမ်းနဲ့


ကိုယ့်လမ်းကိုယ့်စည်းကျဌာန်းပြီးမှ
တာပေါက်မယ့်လမ်းစ 
အမြဲမှန်းဆကာ သတိစေလေ
မေ့ကွက်ကာ မပေါ့စေနဲ့
တာလုံဖို့ ရေးရာကျတယ်

ပြိုင်ပြေးလို့ ပြိုင်ပွဲရယ်
မာယာတစ်ကျော့ကြားမှာ
ကျော့ကွင်းရယ် မဖြေသာဖို့
သတိခြေထပ် ကြပ်မတ်ဖို့တော့ လိုနေပြီး

ပုံမှားဖမ်းရိုက်
အကြပ်ရိုက်မယ့် မိုက်လုံးတွေနှင့်
ဒွိဟတစ်သိုက်ကို စုပုံချလိုက်တော့
သက်ပြင်းတွေ စွတ်မချလိုက်စမ်းနဲ့
ရှေ့မှာ ပြေးလမ်းတွေ ကျန်သေးတယ်

နရီထက်
( ၂၅ ၊ ဧပြီလ ၊ ၂၀၁၂ )

In: ကဗျာ Posted By: Date: Apr 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment