Professional Authors

နာကျင်နေလည်း နင့်ကို ကြင်နာနေဆဲပါ . . . .

လှော်တက်ကို ကိုင်ပြီး သောင်ပြင်ကို ဆင်းလာခဲ့တာ
မုန်တိုင်းကို ကျော်ပြီး ရည်မှန်းချက်ဆီသွားမလို့
ငါ့ အသက်ကို ငါ မနှမြောတောင်
စီးဖို့ လှေက မရှိ . . . .

စီးကရက်ကို လက်ကြားညှပ်ပြီး
တံခါးအပြင် ထွက်လာခြင်းဟာ
နင် မရှိတော့မယ့်ငါ့ရဲ့ အခန်းလေးကို
ရောင်စုံ အပြုသဘောတွေ ကြားက ဆွဲထုတ်လိုက်ခြင်းပဲ . . . .

မျက်ရည်တွေနဲ့
နေ့စဉ် ကပ်ဆိုက်သူရဲ့ဘ၀ ကို
မျက်မှန် မရှိတော့ ရင် နင်သိလိမ့်မယ် . . . .

အစွဲအလမ်းကြီးတဲ့ နှုတ်ခမ်းတွေဟာ
ခွေးတစ်ကောင်လို သစ္စာရှိစွာနဲ့
နင့်နာမည်ကို ခေါ်နေတယ် . . . .

သိမယ်ဆိုရင်တောင်
ဟန်ဆောင်တတ်သူ ပီပီ
အကြိမ်ကြိမ်ကောင်းမှုပြုသူမှာ
နောင်တစ်ချိန် ဗီလိန် ဖြစ်လို့
နင်သတ်မှတ်တဲ့စံနှုန်းမှာ
ဘောင်ဝင်သူ ငါ မဟုတ်ခဲ့ . . . .

ပျော်ရွှင်ခြင်းတွေ ကိုတော့ နင်ယူပြီး
မိုးစိုမှာကိုတော့ နင်ကြောက်တယ်
ပျော်ပါစေ ချစ်သူရယ်
ထီးကလေး ပေးလိုက်မယ် . . . .

ကျန်ခဲ့သူ ငါ့ကို နင်ဘယ်တော့မှ လှည့်မကြည့်နဲ့
သေရင်တောင် မကျွတ်မဲ့ငါ့ကို
သေရင်တောင် မမေ့မယ့် နင့်မျက်လုံးတွေ နဲ့ . . . .

နင်လုံင်္ခြုပြီဆို . . . .
ငါ ပျော်ပါတယ် ကွယ်
လွန်လေခဲ့ပြီးသော အမှတ်တရတွေနဲ့
ငါ သွားတော့မယ် . . . .

မိုးရွာထဲလည်း ရောက်ချင်ရောက်မယ် . . . .

ထီးကလေးအောက်က နင်
ငါ့ကို ဆုတောင်းပေးချင်ပေးပေါ့ . . . . ။   ။

In: ကဗျာ Posted By: Date: Dec 7, 2012
Comment #1

u can have destination … fighting

commentinfo By: မေပျို at Dec 7, 2012
Comment #2

so good thinkie friend မေပျို

commentinfo By: သားခေတ် at Dec 7, 2012
Comment #3

ပျော်ရွှင်ခြင်းတွေ ကိုတော့ နင်ယူပြီး
မိုးစိုမှာကိုတော့ နင်ကြောက်တယ်
ပျော်ပါစေ ချစ်သူရယ်
ထီးကလေး ပေးလိုက်မယ် . . . .

ကျန်ခဲ့သူ ငါ့ကို နင်ဘယ်တော့မှ လှည့်မကြည့်နဲ့
သေရင်တောင် မကျွတ်မဲ့ငါ့ကို
သေရင်တောင် မမေ့မယ့် နင့်မျက်လုံးတွေ နဲ့ . . . .

နင်လုံင်္ခြုပြီဆို . . . .
ငါ ပျော်ပါတယ် ကွယ်
လွန်လေခဲ့ပြီးသော အမှတ်တရတွေနဲ့
ငါ သွားတော့မယ် . . . .

မိုးရွာထဲလည်း ရောက်ချင်ရောက်မယ် . . . .

ထီးကလေးအောက်က နင်
ငါ့ကို ဆုတောင်းပေးချင်ပေးပေါ့ . . . . ။ ။

commentinfo By: meso at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment