Professional Authors

ငါကျရှုံးဖို့ အတွက် တဲ့…ဘုရားသခင်ဟာ နင့်ကို စေလွှတ်ခဲ့တယ်

အက်ကွဲကြောင်းတွေနဲ့ မှန်တချပ်လိုပဲ ….. ဘယ်လိုကြည့်ကြည့်ပုံရိပ်ဟာ တဆက်တည်း ထွက်ကျမလာဘူး

 

နင်ဟာ …၀င်လာတုန်းကလည်း အသံမပေးခဲ့သလို

ထွက်သွားတော့လည်း တိတ်ဆိတ်ခြင်းတွေသာ ပေးအပ်ခဲ့တယ်

 

နင်ကိုင်ထားတဲ့ ဓားမှာ …ငါ့သွေးစက်တွေ တင်လို့ 

အောင်နိုင်ခြင်းတံခွန် နင့်အတွက် လွှင့်ထူပေးပါရစေ

ဒါပေမယ့်

အိပ်မက်တွေကိုသာ ခူးလို့  ငါ့ကို နောင်တတွေကြားမှာ လူး နေစေခဲ့တယ်

 

ကိုယ့်အတွက်ကိုယ် တိုက်နေရတဲ့ စစ်ပွဲဟာ ဘ၀ပါ

ငါချစ်ခဲ့သမျှဟာလည်း နင့်အတွက် မလောက်မငှသာဖြစ်လို့ 

ငါ့အချစ်ကို နင်မရခဲ့ပါဘူးလို့ ပဲ ….. ပြောခဲ့ပါတော့

ကျေ နပ် ခြင်း တွေ အပြည့် နဲ့ ငါကြည်နူးပါ့မယ်

 

ချစ်ခြင်းပြ သင်္ကေတဟာ … နင်

ခံစားမှုတွေ အားလုံးကို လည်း … နင့်ထံမှာ ငါခစားခဲ့တယ်

ဒါတွေလည်း

လူမသိ သူမသိ….  နင်လည်း ..မသိခဲ့ပါဘူး

 

ရယ်သံအက်အက်လေးတွေကြားမှာ မျက်ရည်စက်တွေနဲ့ လူဟာငါပါ

နင့်အတွက် …

ယုံကြည်ချင်စရာလည်းမကောင်းခဲ့ပါဘူး

ချို့ယွင်းချက်တွေ တပွေ့တပိုက်နဲ့ ….

နင့်အတိတ်မှာ မှင်နီကြက်ခြေခတ်ပေါင်းများစွာကို သိမ်းပိုက်ထားပါရစေ

 

ငါ့ကို ……..  နင့်လက်တွေ့ဘ၀ထဲက ထုတ်နှုတ်ပြစ်လိုက်ပါ

ပြီးတော့

ငါ ဘာမှ မဖြစ်ဘူးဆိုတာကိုလည်း ..နင်သတိရပေးပါ

(ငါတကယ် ဘာမှ မဖြစ်ပါဘူး)

 

နှုတ်ဆက် လက်ပြခွင့်တွေ …မတောင်းတော့ပေမယ့်

နင့်အတွက် မကောင်းခြင်းတွေသာဖန်တီးခဲ့သူငါ့ကို

ရတုအဆက်ဆက် မုန်းပြစ်လို့ အနာဂတ်မှာ အထူးခြားဆုံး လင်းလက်လိုက်စမ်းပါ

အဲဒီအတွက် လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်

 

တစ်ခု ..တစ်ခု ပဲအချစ်ရဲ့

တဦးကိုတဦးယုယကြင်နာခြင်း တွေနဲ့ ကြည်နူးနေတဲ့ စုံတွဲတွေကို မြင်ရတဲ့အခါ

နင် (ငါ့အတွက်)

ခပ်ကျယ်ကျယ်လေး ရယ်မောဟားတိုက်ပေးပါ

ဘယ်လို ခံစားမှုမျိုးနဲ့ဖြစ်ဖြစ်ပေါ့

 

(နင်မမြင်နိုင်..မမြင်ရခဲ့တဲ့

ဟောသည်ကောင်ကြီးရဲ့

ရင်ခွင်ဟာ

 

နင့်မျက်ရည်တစက်အတွက်

ရင်ဘတ်နဲ့မဆံ့တဲ့ ခံပြင်းဝမ်းနည်းမှုတွေ ကို ထွေးပိုက်လို့ 

နောင်တတွေနဲ့ …. အသက်ဆက်ရမယ့်လမ်းကို ရွေးချယ်ဝံ့ခဲ့သူ

 

ငါကျရှုံးဖို့ အတွက် …ဘုရားသခင်ဟာ နင့်ကို စေလွှတ်ခဲ့တယ်)

In: ကဗျာ Posted By: Date: Dec 29, 2012
Comment #1

တစ်ခုပဲအချစ်ရဲ့ 
ငါတို့ ကျဆုံးဖို့  ကဗျာရေးလက် မိုးကို ဘုရားသခင်စေလွှတ်ခဲ့ 

p.s – > နှစ်သက်ခြင်းများစွာဖြင့်ဖတ်ရှုသွားတယ်ကွယ်
ကျန်းမာရေးဂရုစိုက်
အသံထွက်ပြီးရယ်မောပစ်
လေးစားအားကျရစမြဲပါပဲ 🙂

commentinfo By: sharon myorr myor at Dec 29, 2012
Comment #2

NICE WRITING
အစ်မတော်မိုး ရေ ကဗျာလေးဖတ်သွားတယ်
အစ်မ တကယ့်ခံစားချက်တွေကိုရေးထားတာလားဗျ
စိတ်ပင်ပန်းရင် လူလည်းမလန်းဘူးအစ်မတော်ရဲ့ ကျန်းမာရေးကိုဂရုစိုက်ပါ ~~

With respect,
RAY

commentinfo By: X - ray at Dec 29, 2012
Comment #3

ei doe main ma tway a yann ta nar phoe kaung dar be naw.
;'(

commentinfo By: ei lay at Dec 30, 2012
Comment #4

အိုးးးးးးးးးးးးမမိုး…တကယ်ကို ကောင်းတယ်ဗျာ…

commentinfo By: poem.poem28 at Dec 31, 2012
Comment #5

ကဗျာကောင်းလေးတစ်ပုဒ်ပါပဲဗျာ….

commentinfo By: moehtetaung18 at Jan 6, 2013
Comment #6

အားလုံးပဲ ..အဟဲ… နှစ်သစ်မှာပျော်ရွှင်ကြည်နူးနိုင်ကြပါစေလို့ ….ဆုမွန်ကောင်းတောင်းရင်း

ကျေးဇူးတင်ပါတယ်ဗျို့

commentinfo By: အသဲကွဲမိုး at Apr 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment