မာရီယာ ၂
ငါ့အမှားက ငါ့တရားကို စီရင်ခဲ့ပြီလား
မင်းသစ်ရိပ်မှာ ခိုပြီး မင်းသစ်ကိုင်းကို ချိုးခဲ့တဲ့မိုက်မဲမှုဟာ
တွင်းနက်လွန်းတယ်
ငါဟာ ကြေမွနေတဲ့မှန်ကွဲစတွေ
ငါ့ကို ဆုပ်ကိုင်လိုက်တာနဲ့ မင်းကို ထိရှမှာဆိုတော့
ငါ့အချစ်ဟာ မျက်နှာမွဲခဲ့တယ်
တစ်စစီပြန့်ကျဲသွားတဲ့ငါ့ကိုယ်ငါ ပြန်မကောက်ချင်တော့ဘူး
အသက်နဲ့ရင်းပြီး ချစ်ခဲ့ရတာဟာ ရင်ကွဲနာကျခြင်းတစ်မျိုးပါပဲမာရီယာ
ပူပြင်းလောင်မြိုက်နေတဲ့ငါ့နေ့တွေမှာ
မင်းနာမည်ကို တိုးတိုးလေးခေါ်ပြီး ငါ အေးချမ်းပါရစေ
မှောင်မိုက်ခြောက်ခြားနေတဲ့ငါ့ညတွေမှာ
မင်းနာမည်ကို ငါ့ရင်ထဲ ထွန်းညှိပြီး ငါ လင်းပပါရစေ
ငါ ရယ်မောပျော်ရွှင်နေတဲ့အခါ မင်းကို တမ်းတမယ်
ငါ ကြေကွဲဝမ်းနည်းနေတဲ့အခါ မင်းကို လွမ်းဆွတ်မယ်
သွေးဆုံးနေတဲ့တမ်းမက်မှုတွေနဲ့
ဒဏ်ရာအနာတရဆိုတာ
တစ်ခါတစ်ခါ ပွေ့ဖက်ထားချင်လောက်အောင် လှတယ်
ငါ့ကဗျာတွေထဲမှာ နောက်ဆုံးကျည်ဆံတစ်တောင့်ပဲ ကျန်တော့မယ်ဆိုရင်
အဲဒီကျည်ဆံဟာ မင်းပါပဲ
ဘ၀တစ်ခုကျကွဲသံကြားမှ မင်းပျော်တယ်ဆိုရင်
ငါ့ဘ၀ငါ ချခွဲပေးခဲ့မယ်မာရီယာ
သွားပါ့မယ်
ငါ သွားပါ့မယ်မာရီယာရယ်
ဘယ်လိုဆုတောင်းမျိုးနဲ့မှ အဖတ်ဆယ်လို့မရမယ့်အတူတူ
ငါ့ကိုယ့်ငါလည်း လက်ညှိုးပြန်မထိုးရက်တော့ပါဘူး
မင်းကြောင့်သာ အသည်းကွဲရဦးမယ်ဆိုရင်
နောက်ဘ၀လည်း လူပြန်ဖြစ်ချင်တယ်မာရီယာ
ကိုသျှား
Comment #2
ပူပြင်းလောင်မြိုက်နေတဲ့ငါ့နေ့တွေမှာ
မင်းနာမည်ကို တိုးတိုးလေးခေါ်ပြီး ငါ အေးချမ်းပါရစေ
မှောင်မိုက်ခြောက်ခြားနေတဲ့ငါ့ညတွေမှာ
မင်းနာမည်ကို ငါ့ရင်ထဲ ထွန်းညှိပြီး ငါ လင်းပပါရစေ
By: ကံ့ကော်မောင် at Apr 5, 2012
Comment #3
ကိုသျှား….
ထပ်ကြိုက်သွားပြီး….ထပ်ခိုက်သွားပြီး..
By: poem.poem28 at Apr 5, 2012
Comment #4
wow,,,,,,,,,,,,,,,,,,,
pyaw chat tway ka dot lone wa ko kway twar p.
“bone” ka ne nay aung pyo kya twar p kwar.
a yan mike de
By: ei lay at Apr 5, 2012
Comment #5
ငါဟာ ကြေမွနေတဲ့မှန်ကွဲစတွေ
ငါ့ကို ဆုပ်ကိုင်လိုက်တာနဲ့ မင်းကို ထိရှမှာဆိုတော့
ငါ့အချစ်ဟာ မျက်နှာမွဲခဲ့တယ်
တစ်စစီပြန့်ကျဲသွားတဲ့ငါ့ကိုယ်ငါ ပြန်မကောက်ချင်တော့ဘူးငါ့ကဗျာတွေထဲမှာ နောက်ဆုံးကျည်ဆံတစ်တောင့်ပဲ ကျန်တော့မယ်ဆိုရင်
အဲဒီကျည်ဆံဟာ မင်းပါပဲ
ဘ၀တစ်ခုကျကွဲသံကြားမှ မင်းပျော်တယ်ဆိုရင်
ငါ့ဘ၀ငါ ချခွဲပေးခဲ့မယ်မာရီယာမင်းကြောင့်သာ အသည်းကွဲရဦးမယ်ဆိုရင်
နောက်ဘ၀လည်း လူပြန်ဖြစ်ချင်တယ်မာရီယာ
တော်တော်ခံစားချက်ပြင်းတယ်ဗျာ အားပေးသွားပါတယ် ကူးလဲကူးသွားပါတယ်……
By: arkar at Apr 5, 2012
Comment #7
လူ ကို သေရအောင် သတ်နေတာလားဗျာ … :'(
ခင်ဗျား ကဗျာ ဖတ်မိတာ ကို က ကျနော် မှားတာပဲ
သေအောင်ခံစားရတယ်
By: sharon myorr myor at Apr 5, 2012
Comment #8
တစ်စစီပြန့်ကျဲသွားတဲ့ငါ့ကိုယ်ငါ ပြန်မကောက်ချင်တော့ဘူး
ငါ့အချစ်ဟာ မျက်နှာမွဲခဲ့တယ်
ငါဟာ ကြေမွနေတဲ့မှန်ကွဲစတွေ
By: ဆရာကြီး at Apr 6, 2012
Comment #11
ဒဏ်ရာအနာတရဆိုတာ
တစ်ခါတစ်ခါ ပွေ့ဖက်ထားချင်လောက်အောင် လှတယ်………..
By: May Kha at Apr 8, 2012
Comment #12
မှော်ဆရာလို့ပဲအမည်ပေးလိုက်တောမယ်……….
By: May Kha at Apr 11, 2012
Comment #13
ဘာကြောင့်လဲမမေခရဲ့
ဖြေနော် . . .
ချစ်ခင်လျှက် . . .
ကိုသျှား
By: ကိုသျှား at Apr 11, 2012
Comment #15
oh,,,,,,really niceeeeeee
By: ei lay at Apr 25, 2012
Comment #16
how mant times do i read?
😛
By: ei lay at Jun 17, 2012




Comment #1
မာရီယာာာာာာာာာာာာာာာာာာာာာ ကောင်းးလွန်းတော့လဲ ဘာပြောရမှန်းမသိတော့ပါဘူးးး 🙂
မာာာာာာာာာာာာာရီယာာာာာာာာာာာာာာာ ကို သတိရတယ်လို့ပြောပေးပါ .. 🙂