Professional Authors

အထီးကျန်မိုး

တိတ်ဆိတ်တဲ့ ညနေခင်းတဲ့
ပတ်ဝန်းကျင်က မိုးရေတွေစိုဆွတ်
ကောင်းကင်ထက်က
မီးခိုးရောင် မိုးသားတွေကတော့
သူမဟုတ်သလို

အရင်လိုပါပဲ
အထီးကျန်မှုက နာကြည်းချက်အချို့နဲ့
အရင်လိုပါပဲ
မပြီးဆုံးသေးတဲ့ သီချင်းတစ်ပုဒ်
ငါညည်းတွားရင်းနဲ့

မိုးရွာတုန်းကတော့
သူပြောခဲ့တာပဲ
ဘယ်တော့မှမရပ်တော့ဘူးတဲ့
မိုးစဲသွားတော့လည်း
တိတ်ဆိတ်စွာ ထွက်ခွါခဲ့ပါတယ်
ငါဘာပြောခဲ့လို့လဲ


ပေးခဲ့တဲ့ အနမ်းတွေ
လျှောက်ခဲ့တဲ့လမ်းတွေ
နှုတ်နဲ့ထားခဲ့တဲ့ ကတိတွေအောက်
ဒီမိုးတွေ အစစ်မဟုတ်ခဲ့ဘူးတဲ့လား

လင်းရောင်ခြယ်တဲ့
မနက်ဖြန်မတိုင်ခင်
တစ်ချက်ပြောခဲ့ချင်ရဲ့ မိုးရေ
သိပ်မသည်းချင်ပါနဲ့
မင်းကစစဲသွားတာ မဟုတ်ပါဘူး
ငါကမင်းကိုအရင်ထားခဲ့တာပါ….

In: ကဗျာ Posted By: Date: May 26, 2010
Comment #1

nice one… ber pel phyit phyit set yay per
are pay per tel.

commentinfo By: zayar at May 26, 2010
Comment #2

နောက်ဆုံးအပိုဒ်ကိုအကြိုက်ဆုံးပဲ၊ မိုက်တရ် ဆက်ရေးပါ၊ အားပေးနေမယ်။။။

Comment #3

hi
i like you
u fri me

commentinfo By: chitkoko at May 27, 2010
Comment #4

thanks guys 🙂

commentinfo By: Snowflake at May 27, 2010
Comment #5

i love it coz of it’s feeling

commentinfo By: ဆက် at Jul 30, 2010
Comment #6

” မိုးရွာတုန်းကတော့
သူပြောခဲ့တာပဲ
ဘယ်တော့မှမရပ်တော့ဘူးတဲ့
မိုးစဲသွားတော့လည်း
တိတ်ဆိတ်စွာ ထွက်ခွါခဲ့ပါတယ်
ငါဘာပြောခဲ့လို့လဲ


ပေးခဲ့တဲ့ အနမ်းတွေ
လျှောက်ခဲ့တဲ့လမ်းတွေ
နှုတ်နဲ့ထားခဲ့တဲ့ ကတိတွေအောက်
ဒီမိုးတွေ အစစ်မဟုတ်ခဲ့ဘူးတဲ့လား ”

a yan kg par tal ama yal ..
ama a yayy a ther twe ko kyite tal …
arr pay nay mal naw ..

commentinfo By: Myat Noe at Sep 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment