Professional Authors

အထီးကျန်ညက ရှည်မယ်ထင်တယ်

ရိုက်ခွဲပစ်လိုက်တဲ့  အိုးကွဲလေး
အထဲမှာ…ရေတွေရှိနေအုံးမှာလား
ငါက….အိုးခြမ်းပဲ့လေးပေါ်က…ရေနည်းနည်းလေးဖြစ်ချင်ခဲ့ပါတယ်

တသွင်သွင်စီးဖို့ ..ငါကြိုးစားခဲ့တုန်းက
ရေလှောင်တမန်တွေ နင်ဖန်တီးခဲ့တယ်
စိမ်းလန်းစိုပြေဖို့ ..ဆို..တော့ငါဘာပြောခဲ့လို့ လဲ

ရေအိုင်လေး…ထဲရေပွက်ပြတော့
နဂါးပွက်အိုင် ဆိုပြီး…လူတွေကိုနင်ခေါ်ပြတယ်
အဲဒါ..ငါ့ရင်ငွေ့ တွေ……နင့်ကြောင့်ဆူပွက်နေတာ

ကြယ်တွေပုံစုနေတဲ့ ကြယ်သုသာန် တစ်ခုပါပဲ
ထုဆစ်နေတဲ့ ရုပ်ထုတွေထဲ အလွမ်း၇ိုး၇ိုးလေးတစ်ခုရှိတယ်
ငါ့အတွက်တဲ့………နင်မှမဖန်ဆင်းခဲ့တာ
အခုတော့ အထီးကျန်ညက ရှည်မယ်ထင်တယ်..။

In: ကဗျာ Posted By: Date: May 3, 2013
Comment #1

ကယ်တွေပုံစုနေတဲ့ ကြယ်သုသာန် တစ်ခုပါပဲ
ထုဆစ်နေတဲ့ ရုပ်ထုတွေထဲ အလွမ်း၇ိုး၇ိုးလေးတစ်ခုရှိတယ်
ငါ့အတွက်တဲ့………နင်မှမဖန်ဆင်းခဲ့တာ
အခုတော့ အထီးကျန်ညက ရှည်မယ်ထင်တယ်..။

အင်း ရှည်မယ်ထင်ပါတယ် .. အထီးကျန်ညတွေဟာ သိပ်ဆိုးလွန်းတယ်

commentinfo By: မေပျို at May 4, 2013
Comment #2

အင်း မေပျိုလဲ ခံစားဖူးတယ် ထင်တယ်
ဆိုးပဗျာ

commentinfo By: သဟံသစ် at May 5, 2013
Comment #3

Lonelyness …. is other side of Love …

commentinfo By: မေပျို at May 5, 2013
Comment #4

sure!!!

commentinfo By: သဟံသစ် at May 7, 2013
Comment #5

ဟုတ်ပါ.မလားအထီးကျန်ညရှည်မယ်ဆိုတာအကို.အတွက်ဖြစ်နိုင်ပါ.မလား

commentinfo By: အ့တန at May 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment