Professional Authors

ဆုတောင်းမပြည့်ခဲ့သူ

ကြယ်နှစ်စင်း ငါ့လက်တွင်းသက်ဆင်းလို့
ငါ မတောင်းဆိုပါဘူး
လမင်းကိုကြိုးချည် အိမ်တွင်းမှာဆင်ပေးလို့
ငါ မတောင်းဆိုပါဘူး
နွေခေါင်ခေါင် နှင်းတွေငါ့အနားဝေစေလို့
ငါ မတောင်းဆိုပါဘူး
ဒါပေမယ့် နင့်မျက်နှာလေးကို
ငါ တစ်ခါလောက်တွေ့ချင်လိုက်တာ
……………….
………………………….
အခု ငါ့လက်ထဲမှာ ကြယ်နှစ်စင်း
ငါ့အိမ်မှာ လမင်းသာလို့
ငါ့အနားနှင်းတွေဝေပြီ
ဒါပေမယ့်
နင့်မျက်နှာလေးကို မတွေ့ဘူးဟာ…………………

In: Others Posted By: Date: Aug 18, 2010
Comment #1

;(

commentinfo By: sky at Aug 21, 2010
Comment #2

ကြိုက်တယ်ဗျာ……….

commentinfo By: curfew at Aug 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment