Professional Authors

ရိုးသားခြင်း…

ကြည်စင်ဝင်းပ ကောင်းကင်ယံသည်……
မိုးတိမ် …ဝေလည်း
လှမြဲ.လှမယ် …..
ညမိုက် ..ချိန်လည်း
လှမြဲ.လှမယ် ……
မုန်တိုင်း..ဆင်လည်း
လှမြဲ..လှမယ်..
တိမ်တွေ..ပြိုရင်လည်း
လှမြဲ..လှမယ်…….
ဘယ်သူတွေပြိုပြို …အိုအို
သူကတော့ …လှမြဲလှမယ်နော်……………….။
 
ထို့အတူ …ရိုးသားခြင်း သည်လည်း
လှပကောင်းကင်လို ….ဖြူစင်နေမယ်
ဘယ်အရာက ဖုံးဖုံး… လှမြဲ…လှမယ်
ကြည်လင်မြဲ …ကြည်လင်မယ် …………….။

ဒါကြောင့် ……မင်းရဲ့ရိုးသားခြင်းကို …..
ငါ့စိတ်….အတွင်းပိုင်းက
မသိမသာလေး ….လေးစားနေတယ်
ကျေးဇူးပြု၍ ….ရိုးသားမြဲ ….ရိုးသားပေးပါ …….။

ဘယ်သူပြောပြော…. ဂရုမစိုက်နဲ့နော် …..
မင်းကိုလှစေတာ …အဲ့ဒီအရာလေးပါ ….
လှပတင့်တယ်…. လူ့ဂုဏ်ဝင့်စေတာလေ ….
ငါမပြောလည်း မင်းသိပေမဲ့
ငါပြောမှ မင်းသတိထားမိတယ် မဟုတ်လား
မင်းကိုလေးစားတဲ့ … ငါ့အတွက် . ရိုးသားပေးပါ.. ………… ။

21.7.2010
Wednesday,July.2010
ဘာနေ…..

In: ကဗျာ Posted By: Date: Jul 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment