Professional Authors

နာမ်စား (သက်ထွေး)

ဒါနောက်ဆုံးပါပဲ …

စိတ်ကို
စိတ်နဲ့
လဲခဲ့တယ် …

ဆေးသောက်ရင်
အဖျားပျောက်မယ်ဆိုတဲ့
စိတ္တဇမျိုး
ယောင်လို့တောင်
ငါခေါ်မသွားခဲ့ဘူး …

ဆိုနေဆဲစာသားထဲ
ငါ့လျှာ ခါးခါးလာ
မြတ်နိုးမှုဆိုတာ
ကြာကြာဝါးလေ
အချိုကုန်လေပဲ …

ဘယ်သူတွေ ဘာပြောပြော
တြိဂံတောထဲပဲ
ပြေးခိုလှုံပစ်လိုက်တယ်
သူလိုကိုယ်လိုပေါ့
ငါ့ကို
အံစာလိုခေါက်ကြမှာတော့
ငါ ရွံ့တယ် …

ဒဏ်ရာဆိုတာ
အမှတ်တရကို
တယုတယ
လုယက်ထားတတ်တဲ့အရာ
ဒီလိုနဲ့
ငါ့နေ့ည
အမှတ်တရများခဲ့ …

ဒါနောက်ဆုံးပါပဲ …

ငါ့ကိုပြန်ရွတ်နေတဲ့
ကဗျာတွေကြားက
ငါထွက်ကာသွားတော့မယ် ..
လမ်းတွေနဲ့ဖိနပ်တွေကြား
ခရီးသွားဆိုတဲ့  ငါနာမ်စားအဖြစ်ပေါ့ .. ။ ။

သက်ထွေး
၂၅.ဇူလိုင်.၂ဝ၁ဝ ညနေ ၃း၁၇

In: ကဗျာ Posted By: Date: Jul 25, 2010
Comment #1

ကဗျာတွေက.. လန်းချက်ကြီးက ကမ်းကုန်နေပြီ….. သူကြီးတို့ကတော့ကွာ.. ဟောတစ်ပုဒ်.. ဟောတစ်ပုဒ်ပဲ… ဟီးဟီး..

ဆေးသောက်ရင်
အဖျားပျောက်မယ်ဆိုတဲ့
စိတ္တဇမျိုး
ယောင်လို့တောင်
ငါခေါ်မသွားခဲ့ဘူး …

ဆိုနေဆဲစာသားထဲ
ငါ့လျှာ ခါးခါးလာ
မြတ်နိုးမှု့ဆိုတာ
ကြာကြာဝါးလေ
အချိုကုန်လေပဲ …

ကြိုက်သည်။

commentinfo By: Kitty Yang at Jul 25, 2010
Comment #2

ကျေနပ်နေမိတယ်။ကဗျာရပ်ဝန်းမှာကဗျာနဲ့ ကဗျာလူတစ်သားထဲကျနေတာကိုခံစားမိလို့ ပါ။

မင်းလူန

commentinfo By: kathitni1980 at Jul 25, 2010
Comment #3

ဒါနောက်ဆုံးပါပဲ ဆိုတာ ဘာကိုပြောတာလဲဟင်..
ကဗျာရေးတာကို ပြောတာတော့ မဟုတ်ပါဘူးနော်… 🙁
တစ်ပုဒ်လုံး ကြိုက်လို့ ဘယ်ဟာထုတ်ပြရမှန်းတောင် သိတော့ဘူး

commentinfo By: ဖြိုးဖြိုး at Jul 25, 2010
Comment #4

ကြိုက်တယ်ဗျာ။ ကြိုက်တဲ့စကားလုံးရွေးထုတ်လို့မရအောင်ကို ကောင်းတာ။ကြိုက်တာတော့တစ်ပုဒ်လုံးပဲ။

“ဒဏ်ရာဆိုတာ
အမှတ်တရကို
တယုတယ
လုယက်ထားတတ်တဲ့အရာငါ့ကိုပြန်ရွတ်နေတဲ့

ငါ့ကိုပြန်ရွတ်နေတဲ့
ကဗျာတွေကြားက
ငါထွက်ကာသွားတော့မယ် ..
လမ်းတွေနဲ့ဖိနပ်တွေကြား
ခရီးသွားဆိုတဲ့ ငါနာမ်စားအဖြစ်ပေါ့ .. ။ ။ ” ဒါလေးတွေပိုကြိုက်၏

commentinfo By: naynyo23 at Jul 25, 2010
Comment #5

ဒဏ်ရာဆိုတာ
အမှတ်တရကို
တယုတယ
လုယက်ထားတတ်တဲ့အရာ…။။။

ကောင်းလိုက်တာ..ကဗျာဆရာရေ..။။။

commentinfo By: အမရာ at Jul 25, 2010
Comment #6

ယောက်ဖရေ မင်းကဗျာရေးတာ ကိုယ်အခုမှသိတယ်။ ကောင်းတယ်ကိုယ်လဲ မင်းနဲ့စကားပြောချင်တယ် မတွေ့ရတာ ၆ နှစ်လောက်ရှိပြီပေါ့.

commentinfo By: သန့်ဇင် at Aug 5, 2010
Comment #7

သူတို့ အကုန်ပြောသွားတော့ ပြောစရာတောင်မကျန်တော့ဘူး…
ပြောစရာမရှိအောင်ကို ကောင်းပါ့ ကိုသက်ထွေးရေ…

commentinfo By: ic23u0 at Oct 22, 2010
Comment #8

ဆေးသောက်ရင်
အဖျားပျောက်မယ်ဆိုတဲ့
စိတ္တဇမျိုး
ယောင်လို့တောင်
ငါခေါ်မသွားခဲ့ဘူး …

ငါ့ကိုပြန်ရွတ်နေတဲ့
ကဗျာတွေကြားက
ငါထွက်ကာသွားတော့မယ် ..
လမ်းတွေနဲ့ဖိနပ်တွေကြား
ခရီးသွားဆိုတဲ့ ငါနာမ်စားအဖြစ်ပေါ့ .. ။ ။ စာသားတွေအရမ်းကိုမိုက်နေတော့ကောင်းကြောင်းတောင်ဘယ်လိုပြောရမှန်းမသိတော့ဘူး…….

commentinfo By: terry at Apr 6, 2011
Comment #9

ကိုယ်တော့ကဗျာထဲကမထွက်ဘဲ ကဗျာထဲမှာဘဲခရီးသွားနေဆဲ … 🙂

commentinfo By: နတ်သမီး at Oct 12, 2011
Comment #10

ခရီးဆိုတာ သွားမှရောက်ရမယ်ဆိုရင်တော့… ကဗျာဆရာရေ…မသွားပဲရောက်တဲ့ ခရီးတော့ သွားပါရစေ။ ဒါနောက်ဆုံးပါပဲ ။ စိတ်ကိုစိတ်နဲ့ လဲရရင်ပဲဖြစ်ဖြစ်ပေါ့ဗျာ ။

commentinfo By: မိုးလူ at Oct 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment