သတိထားပါ..
အချစ်တွေကို အကုန်ပေး
မာနတွေကို ခွာချကာ
မင်းကို အချစ်အားလုံးပုံပေးပြီးပြီ..
မင်းသိပါတယ်
ငါလောက် ဘယ်သူမှမချစ်ခဲ့ဘူးဆိုတာ
ငါလောက် နစ်နာခံခဲ့တာ
မင်းသူငယ်ချင်းတွေတောင်
သိပါတယ်…..
မင်းသိရဲ့နဲ့
ရက်စက်တဲ့ စကားတွေ
ပြောတတ်တာ ခံပြင်းတယ်ကွာ..
မင်းပြောလို့ ငါအချစ်တွေ
တိုးလို့လာဖို့ရှိတယ်
လျော့မသွားပါဘူး
မင်းကိုချစ်တဲ့ အချစ်ဟာ
ငါနှလုံးထဲကာ စီးဆင်းလာတဲ့
မြစ်တစ်ခုလို၊အရိပ်တစ်ခုလိုပါပဲ…
ငါမပြောချင်ပါဘူး
မင်းတောင်းဆိုတာတွေ
ငါဘက်က လုပ်မပေးနိုင်တာ
မင်းကိုချစ်လွန်းလို့ပါကွာ…
မင်းမျက်နှာတော်ညိုးမှာ
ကြောက်ပါတယ်.
ချစ်လွန်းလို့ သည်းခံတာကို
ယောက်မတတ်နဲ့
မင်းအတွက် အန္တရာယ်ရှိတယ်ဆိုတာလည်း
မင်းမမေ့နဲ့ဦး……
ချစ်လွန်းလို့ သတိပေးတာ
မင်းမစော်ကားမိစေနဲ့ကွာ…
စိုး……….
Comment #2
မင်းမျက်နှာတော်ညိုးမှာ
ကြောက်ပါတယ်.
ချစ်လွန်းလို့ သည်းခံတာကို
ယောက်မတတ်နဲ့
By: ကံ့ကော်မောင် at Mar 25, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service




Comment #1
hin,,hote lar?
daw daw soe par lar naw?