Professional Authors

ကိုယ်ပွား

စွန်းထင်းမှုပေါင်းများစွာ လျှော်ဖွတ်ခံရလွန်းလို့
နှလုံးသားလဲ အ၀တ်စုတ်တစ်စလို ပါးလွှာနေပြီ….

မျက်ရည်မိုးတွေ စွေရလွန်းလို့
မျက်ရည်တွေလဲ ခန်းခြောက်နေပြီ။

ခါးသီးမှုကို မျိုချရလွန်းလို့
ရင်ခွင်ဟာလည်း
ပြည့်ကျပ်နေပြီ

အထီးကျန်မှု များစွာ
ရင်ဆိုင်ရလွန်းလို့
ငါ့မှာ သိမ်ငယ်နေပြီ…

ဟိုကောင် နည်းနည်းလောက် ဘေးဖယ်ပါလား
ငါ့ခံစားချက်တွေ တင်ပြချင်သေးလို့ပါ…..

……………………….
မဖယ်ဘူးလား . . ..

ဘာ…မင်းက ငါနဲ့အတူ ရှိနေတာ ကြာပြီဟုတ်လား….
မင်းခုထက်ထိ ငါ့ဆီက ခွဲထွက်သွားဖို့ စိတ်ကူး မရှိသေးဘူး ဟုတ်လား…..

ဆော်ရီးကွာ ငါ သတိမထားမိဘူး ဖြစ်သွားတယ်…
မင်းက ငါ့ရဲ့ အတ္တပဲ……

Comment #1

လိပ်ပြာရေ ကဗျာလေးက အရမ်းကောင်းတယ် ကြိုက်တယ်ဟေ…..။

commentinfo By: နှောင်းလူ at Dec 17, 2010
Comment #2

ကျေးဇူးတင်ပါတယ် ကိုနှောင်းလူရာ လိုအပ်တာတွေ ညွှန်ကြားနိုင်ပါတယ်ဗျာ… ကြိုးစားနေပါတယ်…

Comment #3

ကောင်းတယ် ကိုလိပ်ပြာေ၇….. ဘေးဖယ်ဆိုတော့ ဘယ်နားမှာ သွားနေ၇င် ကောင်းမလဲ ကိုလိပ်ပြာ

commentinfo By: genius.jinx28 at Dec 17, 2010
Comment #4

ကျေးဇူးတင်ပါတယ် ရဲလေးရေ ….

Comment #5

တော်သေးတာပေါ့ကွာ…..မရေးတတ်လို့ သာပေါ့
ရေးများရေးတတ်ရင်…….လိပ်ပြာလေးငါ့ကိုလျိုတာပေါ်နေပြီနော်…..ဒီကဗျာမှာတင်

commentinfo By: moehtetaung18 at Dec 17, 2010
Comment #6

ကိုမိုးထက်ကြီးအပါအ၀င် ဒီက ညီအစ်ကို မောင်နှမတွေ အားပေးသင်ကြားပေးလို့ပါဗျာ … ဘာမှ လျှိုစရာကို မရှိပါဘူးဗျာ.. ကိုမိုးထက်ကြီးတို့ ရေးသလိုမျိုး ရေးနိုင်ဖို့အတွက် ကျွန်တော် တော်တော်ကြိုးစားရဦးမယ်ဗျို့..

Comment #7

ကဗျာတွေမှာပညာတွေပြည့်နေတယ် ကိုယ့်ဆရာရေ……..း)

commentinfo By: ကေအက်(စ်)အို at Dec 18, 2010
Comment #8

ဟုတ်ပဗျာ…….ဒါတောင်သူကညာချင်သေးတယ်….

commentinfo By: moehtetaung18 at Dec 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment