Professional Authors

သတိထားပါ……

အရမ်းချစ်တာပဲဆို
သုံးနေကျ မင်းစကား
ထွက်ခွာသွားပြီးမှ မပြန်မလာတော့ဘူးလို့
ပြောချင်သေးလို့လားကွာ……….

ငါသိပါတယ်
မမှီတဲ့ပန်းကိုမှ ခူးချင်ခဲ့
အခြေမတူမှန်း သိပါရဲ့နဲ့
တစ်ဇွတ်ထိုး ချစ်ခဲ့တာကိုး…….

မင်းမှန်ပါတယ်
ငါက ဘဝသမားပါ
မင်းလို အလှသမားမဟုတ်တော့
မိုးနဲ့မြေ ကံခေလို့
နမ်းမိတယ် ထားဦး
ဒီဇာတ်ကို မတည်းဖြတ်ရဲပါဘူး
ကျုပ်လည်း လွမ်းတတ်တယ်….

ပုံတွေပြော
ရင်ခုန်အောင် လုပ်တတ်တဲ့
မင်းအပြုံးတစ်ချက် ငါအတွက်တော့ မလိုတော့ဘူး…….

လက်ကုန်အောင် ချစ်တာပဲတဲ့
ဟာသတွေနဲ့ ဇာတ်လမ်းဖွဲ့
မျက်နှာဖုံး တတ်ပြီး
ကြူစားတာ ခနပါ…..အမိ

ရွှေဘုံပေါ်မှာ ပျော်နေတော့လည်း
ဘဝဆိုတာ ဘယ်သိပါမလဲ
ငါနားလည်ပါတယ်
ဒါပေမဲ့ မင်းနားမလည်တော့ ခက်တယ်……..

ပြောပြန်ရင်လည်း မကြိုက်
ဆိုက်အပြည့်နဲ့ ဆရာကြီးဆိုတော့
မပြောရဲပါဘူး……..

In: ကဗျာ Posted By: Date: Feb 2, 2012
Comment #1

ငါသိပါတယ်
မမှီတဲ့ပန်းကိုမှ ခူးချင်ခဲ့
အခြေမတူမှန်း သိပါရဲ့နဲ့
တစ်ဇွတ်ထိုး ချစ်ခဲ့တာကိုး

commentinfo By: kantkawmg at Feb 2, 2012
Comment #2

kwi,,kwi,,
phyit ya lay soe ye,,,

ei lay ka dot ya bu,,,
ei lay ma kyike yin pyaw pya tar pe,,
thu a twat ma kaung bu so yin a mone khan p pyaw like dar pe,,
ma kaung hman ti ye ne thu ko dot ma kyuu lun khine naing bu,,
thu kaung sar phoe so yin ei lay ka dot a kone loak de,,thu kyike kyike ma kyike kyike,,,
thu a twat so special tway pe phyit say ya me,,

commentinfo By: ei lay at Feb 2, 2012
Comment #3

warning,

commentinfo By: ei lay at Feb 5, 2012
Comment #4

Thanks to Ma Ei and Ko Kantkawmg

commentinfo By: soeoo at Mar 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment