Professional Authors

ငါ့ရဲ့ လုပ်ပိုင်ခွင့်တွေ……။

နောက်ထပ် နားလည်မှုတွေ
ထပ်မပေးနိုင်လို့ ငါလမ်းခွဲ
ကွယ်ရာမှာ ငါ့တစ်ယောက်တည်း
နောက် သုံး လေး ရက် လောက် ငိုရှိုတ်မယ်
ဘယ်သူ ရှုံးတယ် ပြောမလဲ…..?
 
နင့်စကားတွေ မညင်သာလို့
ပြန်မလာဖို့ ငါ လက်ကာပြ
တစ်ဖက်တစ်ချက်မှာ
ခဏတဖြုတ် ငါထိုင်လွမ်း
ဘယ်သူတွေက လက်ခုပ်လာတီးမလဲ….?
 
နင့် သစ္စာက မတိကျတော့လို့
ငါ့ကတိစကားတွေ ပြန်ရုပ်သိမ်း
နင်မသိတော့လည်း
ငါ့မေတ္တာကို နင့်အတွက် ဆက်ထိန်း
ဘယ်သူက လေယူလာယိမ်း ခဲ့တာလဲ….?
 
ကျန်ရစ်ခဲ့မှာ ကြိုမြင်ခဲ့လို့
ငါ့ဘက်က စချန်ရစ်
နေရစ်ခဲ့ရမှာ မလိုလားတဲ့ငါ
မိန်းမမာနကို မိုးထိတံခွန်လိုထူ
ငါ့ရဲ့ လုပ်ပိုင်ခွင့်တွေအတွက်
ဘယ်သူတွေက မှားတယ်လို့ ငြင်းမလဲ…..?။     ။
In: ကဗျာ Posted By: Date: May 11, 2011
Comment #1

နောက်ထပ် နားလည်မှုတွေ
ထပ်မပေးနိုင်လို့ ငါလမ်းခွဲ
ကွယ်ရာမှာ ငါ့တစ်ယောက်တည်း
နောက် သုံး လေး ရက် လောက် ငိုရှိုတ်မယ်
ဘယ်သူ ရှုံးတယ် ပြောမလဲ…..?

I Think.
U Gain….
Becoz…… Hae’ Hae’……

commentinfo By: zinzin at May 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment