Professional Authors

နွေဦးပေါက်စ ဆန်းပြည့်လ

 

ငါတို့ မျက်ရည်တွေကျနေတဲ့ ခရောင်းလမ်းထက်မှာ

ဆင်းရဲခြင်းတွေက လက်ယှက် ခေါ်နေပေမဲ့

ငါတို့အတွက် နှစ်တွေကြာလာတော့

ငါတို့ကို လက်ယှက်ခေါ်နေတဲ့

အခြားနယ် စစ်ဘက်သားတွေက

အတ္တတွေနဲ့ မာန်မာနကဲလို့

မျိုးနွယ်တူ အမိမြေသားတွေကို

ရက်စက်စွာ အနိုင်ကျင့်ခဲ့တာ

သေသူက သေခဲ့ရ နာသူက နာခဲ့ရ

သွေးစက်တွေက သမိုင်းမှာ အထင်ကရနဲ့

ငါတို့ ကြည့်ခဲ့ဖူးတယ် ကြားခဲ့ဖူးတယ်

၁၉၄၇ ခုနှစ်ရဲ့ သက္ကရာဇ်ထဲမှာကော

ယနေ့ခေတ်ကြီးထဲမှာကော အရိုင်းဇာတ်သွင်းခဲ့တာ

သမိုင်းပျက်ခဲ့တာ အီတာလီ ဆစ်စလီကျွန်းက

အရူးတကောင်လို မော်စီတုန်းလို စနစ်ဆိုးထဲ

ငါတို့ ဘဝတွေ ဆင်းရဲဒဏ် ကျွန်ဒဏ်တွေ ခံခဲ့ရတယ် ဒီအတိတ်ရယ်…။

 

ဘဝတွေ အကြိမ်ကြိမ် နာခဲ့ဖူးတယ်

ဒဏ်ရာတွေ အကြိမ်ကြိမ် ရခဲ့ဖူးတယ်

ပူဆွေးမှုတွေ အကြိမ်ကြိမ် လောင်းချဖူးတယ်

နှလုံးသားမှာလည်း အကြိမ်ကြိမ် ကိုက်ခဲလွန်းလို့

ကုသစရာ အစားထိုးမရအောင် နေခဲ့ဖူးတယ်

နာစရာတွေ ဒဏ်ရာတွေ ပူဆွေးမှုတွေကို

မျက်ရည်တွေနဲ့ ဆေးချရင်း

ဖြေသိမ့်စရာတွေနဲ့ မျိုသိပ်လို့

လျှောက်လှမ်းသော လမ်းတိုင်း ဆက်လျှောက်ခဲ့တာ

အခုဆိုရင် တည်ငြိမ်သော လမ်းမပေါ်မှာ

မေတ္တာတရားတွေနဲ့ ကရုဏာလက်တွေက ကမ်းလှမ်းလို့

ငြိမ်းချမ်းရေး နိုင်ငံမိခင်.. အမိမြေရှင်ရယ်…။

 

စစ်နဲ့သွေးစက်တွေ ဖွားဘက်တော်ဖြစ်နေတဲ့

တို့..ဘဝ တို့ နိုင်ငံထဲ အိုးခွက်တွေ အသံမည်ဆဲ

ကျဉ်သံတွေလည်း ခိုသံတွေလို အော်မြည်နေမြဲ

တွေးကြောက်မိတယ် မနေ့က အတိတ်ရယ်

ကြောက်လန့်မိတယ် ဒီနေ့ သူ့အတွက်ရယ်

မျှော်လင့်မိတယ် ငါတို့ အနာဂတ်ရယ်

နေဝင်မိုးချုပ် ပူဆွေးနေတဲ့ ငြိမ်းချမ်းရေး

သူ့ပန်းတိုင် ပြည်သူ့အတွက်ရယ်…

ငါတို့… ခေါင်းချလိုက်တိုင်း အိပ်မပျော်ခဲ့တဲ့

အတွေးတွေထဲ အနာဂတ်ကို မျှော်တွေးလို့

မေတ္တာပို့မိတယ် သမိုင်းမိခင်

ငြိမ်းချမ်းရေး ဆုရှင် မိခင်အမိမြေရှင်ရယ်….။

 

(နွေဦးပေါက်စ ဆန်းပြည့်လ ပြည်ကို ငြိမ်းမည်ပ….)

 

 

တက္ကသိုလ်မြတ်မင်း

http://www.myatminnpoem.blogspot.com

In: ကဗျာ Posted By: Date: Mar 14, 2012
Comment #1

arr pay twar par d

commentinfo By: ei lay at Mar 14, 2012
Comment #2

နိုင်ငံချစ်စိတ်တွေသွေးထဲပိုလည်ပတ်သွားတယ်…….
ကျေးကျေး

commentinfo By: May Kha at Mar 14, 2012
Comment #3

ဖတ်ရင်း ကြက်သည်းတောင် ထသွားတယ်

commentinfo By: kantkawmg at Mar 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment