Professional Authors

ငြိမ်းချမ်းလွင်ပြင် အတာသဘင် (အောင် ဆန်း ကြည် လင် သည်)

 

အတာသင်္ကြန် နွေဦးရောက်ပြီဆို…
မြူးကြွတဲ့ သီချင်းတွေဆို…
၂၀၁၂ရဲ့ နှစ်ကူးအတွက် လက်ဆောင်ကို…
ရှာပုံတော်ဖွင့်လို့ ပေးမယ်ဆို…
အခုတော့လည်း.. အခုတော့လည်း..
အသည်းကြားက မဲတစ်ပြားပဲတဲ့….။

 

အမေရဲ့ ကရုဏာနဲ့ မေတ္တာစက်အတွက်…
ပင်ပန်းလွန်းတဲ့ သူအတွက်ဆို…
ပေးဆပ်ပေးမဲ့ လူငယ်တွေက…
မဲတစ်ပြားနဲ့ ခရီးဆက်လို့…
ငြိမ်းချမ်းရေးက အတာသင်္ကြန်တဲ့..။

 

မြူးကြွလွန်းတဲ့ တေးသွားသံစဉ်တွေက…
ရှေ့ဆောင်လမ်းပြတဲ့ လူငယ်တွေအတွက်..
အတာသင်္ကြန်က အားဆေးတစ်ခွက်..
ချုပ်ချယ်နေတဲ့ သူတို့အတွက်တော့ ခိုး မဲတွေရမယ်တဲ့…။

 

သူပြောတော့ လွယ်လွယ်ပဲတဲ့…
အခုတော့လည်း ခိုး မဲတွေနဲ့ ပြည့်နှယ်နေတာပဲ..
နောက်တမျိုးတိုးတော့လည်း ခိုး မဲတွေပါပဲ..
မသိသလိုနေတဲ့ တို့အမေက မသိဘူးမှတ်နေလားတဲ့…။

 

သနားစရာပဲ သနားစရာလေးပါပဲ…
ဟိုဟာတမျိုး ဒီဟာတမျိုး…
အမျိုးမျိုးနဲ့ တိုင်ပတ်ရင်း..
အတင်းပြောလိုက် အဖျင်းပြောလိုက်…
အိမ်နောက်ဖေးက မုဆိုးမ မသောင်းလိုပဲတဲ့…။

 

နောက်ပိုင်းက အောင်သိန်းတယောက်တော့…
အရက်အိုးပျောက်လို့ အော်ကျောလန်သည်…
ခေတ်မမှီတဲ့ သူအဖြစ်က စိတ်ပျက်စရာ…
ဟိုသွားလည်း ရှုံး ဒီသွားလည်း ရှုံး
သူတို့အများခိုင်းတဲ့ လူ့ငတုံးကြီးပဲတဲ့…။

 

အော်မနေနဲ့…. မျှော်မနေနဲ့…
အတာသင်္ကြန်တံခူး ဆယ်ကာပြန် မူးလို့
အမေရဲ့ အဆုံးအမကို ခံယူပြီ…
ခေတ်သစ် နှစ်သစ်ကို ကြိုဆိုလို့…
ငြိမ်းချမ်းရေးခရီး ရှေ့ဆက်စို့….။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Mar 31, 2012
Comment #1

သနားစရာပဲ သနားစရာလေးပါပဲ…
ဟိုဟာတမျိုး ဒီဟာတမျိုး…
အမျိုးမျိုးနဲ့ တိုင်ပတ်ရင်း..
အတင်းပြောလိုက် အဖျင်းပြောလိုက်…
အိမ်နောက်ဖေးက မုဆိုးမ မသောင်းလိုပဲတဲ့…။

နောက်ပိုင်းက အောင်သိန်းတယောက်တော့…
အရက်အိုးပျောက်လို့ အော်ကျောလန်သည်…
ခေတ်မမှီတဲ့ သူအဖြစ်က စိတ်ပျက်စရာ…
ဟိုသွားလည်း ရှုံး ဒီသွားလည်း ရှုံး
သူတို့အများခိုင်းတဲ့ လူ့ငတုံးကြီးပဲတဲ့…

😀

commentinfo By: ကံ့ကော်မောင် at Apr 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment