Professional Authors

ရေထဲ က ငါး

ဘ၀ က
ကဗျာတပုဒ်သာဆို
ကာရံနဲ့ စိတ်အကြား
အစပ်အဟပ် မတည့်စွာနဲ့
တခုခုကို အသောမသတ် .. ဆာတယ်။
ရေနစ်ရင်း ရေဆာရင်း များဖြစ်နေသလား။
ကိုယ့်အတွေးကိုကိုယ်
သဘောကျမိတယ်။
ဘ၀ထဲကိုရောက်နေတာတောင်
သူ့ကို ကျနော် နားမလည်သေးဘူး။
တခါတခါ
တံခါးတွေ အကုန်ပိတ်
ဆိတ်ငြိမ်မှု မှာ
အသိစိတ် မသိစိတ်တို့
ငြိမ်းချမ်းရေး ယူလိမ့်နိုး နဲ့
နေကြည့်ချင်တယ်။
သူတို့တွေ တိုက်တဲ့ စစ်မြေပြင်တခုလို
ကျနော်လည်း ပြိုပျက်နေပြီ။
ဘ၀ ဆိုတာ ခုထိ ဘာမှန်းမသိ။

In: ကဗျာ Posted By: Date: Aug 15, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment