Professional Authors

အိမ်ပြေး (ဒီတူးဆစ်တောင်ငူ)

  အိမ်ပြေး            (ဒီတူးဆစ်တောင်ငူ)

နေညိုချိန်
အလွမ်းတေးတစ်ပုဒ်နဲ့
အိမ်ပြန်ချိန်လာချိန်ကိုပဲမျှော်နေမိတယ်…..

လာနေကျလမ်းကလေး
ထိုင်နေကျနေရာလေးနဲ့
ဒီမိသားစုလေးကို
သူစိမ်းဆန်ဆန် မင်းစွှန့်ခွါသွားရက်တယ်နော်………။

မကြင်နာ လို့စုန်ကန်သွားတဲ့မင်းကို
မနာကျင်နိုင်ပဲ  မျှော်နေမိတယ်

တစ်နေရာစာလစ်ဟာနေတဲ့
ထမင်းဝိုင်းလေးက
ငါတို့အတွက်..တော့
အဓိပ္ပယ်မဲ့စား,ပွဲတစ်ခုလိုပါပဲ………။

သေသောသူကြာရင်မေ့
ပျောက်သောသူရှာရင်တွေ့တဲ့
အခုတော့…..
မေ့လို့မရ
ရှာလို့မလွယ်
နှောင်တွယ်နေတဲ့ သံယောဇဉ်တွေနဲ့
အမေ့ရဲ့ငိုညဉ်းသံ
သန်းခေါင်ကျော်တာတောင်မတိတ်နိုင်ရှာဘူး…….။

အတောင်စုံလို့
စုန်ကုန်သွားတဲ့မင်းကို
အတောင်ကုန်လို့ပြန်လာမဲ့အချိန်ထိ
ငါတို့တွေမျှော်နေမှာပါ……….။


ဒီတူးဆစ် (တောင်ငူ)

In: ကဗျာ Posted By: Date: Mar 5, 2012
Comment #1

arr pay phat shu twar par d,

commentinfo By: ei lay at Mar 5, 2012
Comment #2

အမေ့ရဲ့ငိုညဉ်းသံ
သန်းခေါင်ကျော်တာတောင်မတိတ်နိုင်ရှာဘူး…….။

commentinfo By: nate thit at Mar 5, 2012
Comment #3

အဟားးးးးးးးးးးးးးးးးးး
လုံးဝလန်းတယ်
စကားလုံးတွေက သေလို့ရတယ်ဗျနော်
ဖတ်သွားပါကြောင်း ။

commentinfo By: X - ray at Mar 5, 2012
Comment #4

ဟုတ်ကဲ့ ကျွန်တော် ကျေးဇူးအထူးတင်ပါတယ်……..
သြော် အိလေးရေကျေးဇူးအထူးတင်ပါတယ်နော် ကျွန်တော်တင်သမျှတွေက်ု အားပေး တဲ့အတွက်

commentinfo By: D26 at Mar 5, 2012
Comment #5

u r welcome.
i like reading poems,

commentinfo By: ei lay at Mar 5, 2012
Comment #6

ကောင်းတယ်ဗျာ

commentinfo By: kantkawmg at Mar 6, 2012
Comment #7

ဝမ်သာပါတယ်အိလေးရေ …

commentinfo By: D26 at Mar 6, 2012
Comment #8

thanks

commentinfo By: D26 at Mar 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment