Professional Authors
နှလုံးသားဆာတေး (ဒီတူးဆစ်တောင်ငူ)
နှလုံးသားဆာတေး
ဒသရဲ့အချစ်
ရာဇ၀င်မှာတွင်ကျန်ရစ်ပေမဲ့
ငါပြောလိုက်ချင်တယ်
မင်းရင်ကဒါဏ်ရာ
ငါ့အတွက်တော့
မဖြစ်စလောက်လေးပါကွာလို့ ရိုမီယိုဂျူးလိယက်
အချစ်အတွက်
အသက်ချင်းထပ်ရဲပေမဲ့
ငါမေးကြည့်ချင်တယ်
ချစ်သူနဲ့သာအတူတူမဟုတ်ရင်
မင်းသေ၀ံ့ပါ့ မလားလို့ 
ပန်းသီးတစ်လုံးခူးပေးရုံနဲ့
သူရဲကောင်းဖြစ်စတမ်းဆို
အာဒံရေ
ငါဆိုတဲ့ကောင်က
သူအတွက်ဆို
နှလုံးသားကိုတောင်
ဆာတေးလုပ်ပစ်လိုက်မယ်…။
                                             (ဒီတူးဆစ်)
In: ကဗျာ Posted By: Date: Mar 4, 2012
Comment #1
a me lay,,
talkie tway ka dot Bone ka ne kway kya lout de kwar,,
yae le lann de
both title & poem,
commentinfo By: ei lay at Mar 4, 2012
Comment #2
ပန်းသီးတစ်လုံးခူးပေးရုံနဲ့
သူရဲကောင်းဖြစ်စတမ်းဆို
အတွေးဆန်းလေးဘဲ၊ အားပေးပါတယ်
commentinfo By: kantkawmg at Mar 4, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment