Professional Authors

ငယ်ငယ်တုန်းက ( အိမ်ပြေးကျောင်းသားလေး )

ဝါဒ တွေကြား

ပြေးကာလွှားရင်း

အတ္တတောင် အခိုးခံရတယ်

ဝေဒနာကို ဖွေရှာနေတုန်း ။

 

အိမ်မက်က မိုးပေါ်

မြေပြင်မှာ လျှပ်တိုက်လို့

လူမိုက်တောင် ပြောတယ်

“မင်းငါ့ထက်မိုက်တဲ့ကောင်”

မကြိုက်လဲ လှောင်သာလှောင်

ဟန်ကိုမဆောင်တတ်တာ

အရှိကိုအရှိပဲ ၀ှက်စရာမလို ။

 

ဆန္ဒတွေ ခနသိမ်း

မာနတွေလွင့်ပြစ်

ကြမ္မာကြားမှာရွက်လွှင့်နေတယ်

“လ”တစ်စင်းခူးဆွတ်ဖို့

အိမ်ပြန်လည်းနောက်ကျ

ချစ်သူလည်းကောက်ပြ

မိဘက ကြောင့်ကျများတယ်

ငါဆိုတာက ဂြိုလ်သား ။

 

ကမ္ဘာနဲ့လည်းမတည့်

မြန်မာနဲ့လည်းမတည့်

ရပ်ကွပ်နဲ့လည်းမတည့်

ခိုလှုံရာလဲမဲ့ခဲ့တယ်

ဝေဒနာမြို့သား ပါ ။

 

စေတနာတွေထားတော့

ငါ့ကမ္ဘာခါးတယ်

သေရာပါအမှားတွေနဲ့

ဘယ်နေရာခိုနားမလဲ

အလွှာခြားတဲ့ ချစ်သူကြောင့်

ကဗျာသမားပဲဖြစ်ခဲ့တယ်

အတွေးတွေ ဖောက်စားခံရလို့

အိပ်ရေတွေလည်းပျက်

ညနဲ့မနက်က တစ်နပ်ပဲ

အရှက်ဆိုတာ မရှိ

အသက်လဲ မသိ

လောကထဲ …. ,

လက်တစ်လုံးခြားလျှောက်သွားဖူးတယ်

ဟိုးးးး … ငယ်စဉ်တုန်းက ………. ။

 

 

In: ကဗျာ Posted By: Date: Aug 18, 2011
Comment #1

ကမ္ဘာနဲ့လည်းမတည့်

မြန်မာနဲ့လည်းမတည့်

ရပ်ကွပ်နဲ့လည်းမတည့်

ခိုလှုံရာလဲမဲ့ခဲ့တယ်

ဝေဒနာမြို့သား ပါ ။
အားပေးသွားတယ်ဗျို့ 

Comment #2

great,
i like both poem & picture,

commentinfo By: ei lay at Aug 19, 2011
Comment #3

ကမ္ဘာနဲ့လည်းမတည့်

မြန်မာနဲ့လည်းမတည့်

ရပ်ကွပ်နဲ့လည်းမတည့်

ခိုလှုံရာလဲမဲ့ခဲ့တယ်

ဝေဒနာမြို့သား ပါ ။ ( poems corner ကညီအကိုမောင်နှမတွေနဲ့တည့်ပါတယ်လို့ဟစ်ကြော်လိုက်ပါ)

commentinfo By: May Kha at Aug 19, 2011
Comment #4

ခစ် ခစ်။ ခရေနဲ့တူလိုက်တာနော်

commentinfo By: khayay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment