Professional Authors

ရာစုသစ်ရည်းစားစကား (ဒီတူးဆစ်)

ရာစုသစ်ရည်းစားစကား

မင်းနောက်ကအရိပ်လို
လိုက်ခဲ့ချင်ပေမယ့်
့ငြိုငြင်မှု့ တွေကိုမခံယူရဲလို့
ငါ့ခြေလှမ်းတွေကိုထိန်းချုပ်ထားရတယ်

ရင်ထဲကမှာခံစားရတာတွေကို
စာတွေစီစကားလုံးတွေသီပြီး
ဖွင့်ဟ၀န်ခံချင်ပေမယ့်
အမုန်းဆိုတာကို မခံယူရဲလို့ 
နှလုံးသားမှာ သိုဝှက်ခဲ့ရတယ်

အခုတော့လည်း…..

ရင်ထဲမှာဝေဒနာတွေက
မျိုသိပ်ရပေါင်းများလာတော့
ဟော့ဒီရင်ဘတ်ကြီးနဲ့မဆံ့တော့လို့
ဝေဒနာတွေကိုအန်ချပစ်လိုက်တယ်

ဝေါ့……….
ကြားလိုက်မိလား
ရိုးရိုးလေးပါပဲချစ်တယ်တဲ့….

                                                 (ဒီတူးဆစ်)

In: ကဗျာ Posted By: Date: Mar 4, 2012
Comment #1

he,,he,,,
don’t drink so much,,,

commentinfo By: ei lay at Mar 4, 2012
Comment #2

မင်းနောက်ကအရိပ်လို
လိုက်ခဲ့ချင်ပေမယ့်
့ငြိုငြင်မှု့ တွေကိုမခံယူရဲလို့
ငါ့ခြေလှမ်းတွေကိုထိန်းချုပ်ထားရတယ်

ရင်ထဲကမှာခံစားရတာတွေကို
စာတွေစီစကားလုံးတွေသီပြီး
ဖွင့်ဟ၀န်ခံချင်ပေမယ့်
အမုန်းဆိုတာကို မခံယူရဲလို့ 
နှလုံးသားမှာ သိုဝှက်ခဲ့ရတယ်

commentinfo By: kantkawmg at Mar 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment