Professional Authors

ခွဲခွါခြင်းလက်ဆောင် [ ဒီတူးဆစ် ( တောင်ငူ) ]

ခွဲခွါခြင်းလက်ဆောင်

 

> ချစ်သူ…
> ကျောင်းတံခါးပိတ်
> နှုတ်ဆိတ်နေတဲ့ မင်းမျက်ဝန်းထဲ
> မိုးရိပ်တွေညှို့နေပြီလား…….


>
> မငိုပါနဲ့ ချစ်သူ…….
> အမှောင်ရှိရင် အလင်းရှိမယ်
> သန်းခေါင်ကျော်ရင်
> ရောင်နီလဲလာမှာပေါ့…………။
>
> ချစ်သူ……..
> ငါ့အနားမင်းမရှိလဲ
> မင်းနှလုံးသားထဲ ငါရှိနေရင်ပဲ
> ကျေနပ်ပါပြီချစ်သူ……….။
>
> အချစ်နဲ့ အလွမ်းက
> အမြဲတမ်းဒွန်တွဲနေတာပဲ
> တို့တွေ…..
> လွမ်းရမှာ မကြောက်လို့
> အချစ်ကိုတောင် စိန်ခေါ်ခဲ့ကြတာပဲ………။
>
> မငိုပါနဲ့ ချစ်သူ…….
> မျက်ဝန်းကိုမှိတ်
> တိတ်တိတ်လေး နေလိုက်
> ဘယ်သူမှ မသိအောင်
> အိမ်ပြန်လမ်း အတွက်
> အနမ်းပန်းလေး
> ငါပေးလိုက်ချင်လို့………..။
>
>                                   ဒီတူးဆစ် (တောင်ငူ)
>

In: ကဗျာ Posted By: Date: Mar 4, 2012
Comment #1

he,,he,,,
mike de kwar

commentinfo By: ei lay at Mar 4, 2012
Comment #2

တကယ်လား နောက်နေတာလား

commentinfo By: D26 at Mar 4, 2012
Comment #3

nout par bu,,
a de pyaw nay dar,,
a yan kyike de,,

plz don’t ask me why?
coz no reason.

commentinfo By: ei lay at Mar 4, 2012
Comment #4

အားပေးပါတယ်

commentinfo By: kantkawmg at Mar 4, 2012
Comment #5

ကျေးဇူးအထူးတင်ပါတယ်ဗျာတင်သာတင်လိုက်ရတာ အရည်အသွေးမမီတဲ့ကဗျာဆိုတော့လန့်သားအခုလိုအားပေးတော့ ..ကျွန်တော်တင်ရကျိုးနပ်တာပေါ့ဗျာ.အားလုံးကိုကျေးဇူးတင်ပါတယ်

commentinfo By: ဒီတူးဆစ် at Mar 4, 2012
Comment #6

> ချစ်သူ……..
> ငါ့အနားမင်းမရှိလဲ
> မင်းနှလုံးသားထဲ ငါရှိနေရင်ပဲ
> ကျေနပ်ပါပြီချစ်သူ……….။

commentinfo By: moezat at Mar 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment