Professional Authors

သိုဝှက်အချစ်(ဒီတူးဆစ်တောင်ငူ)

သိုဝှက်အချစ်

ကြည်လင်ရွှန်းပ
မျက်ဝန်းလှနှင့်
နွဲ့မူဟန်ပန်
စုံမက်ပြန်လည်း
သိုသိပ်ကြိတ်မျို
ချစ်ခြင်းကိုကား
သိုဝှက်ထား၏……။

နှင်းဆီနှုတ်ခမ်း
လှုပ်ရှားဟန်တိုင်း
မြင်ရရင်ဖိုသည်း
လှိုက်တုန်ညား
နှလုံးသားအား
ထိန်းချုပ်ထား၏….။

ခွန်းချိုသံသာ
သူမူရာ၌
သာယာယစ်မျော
သူမနောလေးညှိုးမှာစိုး၍
ရင်ခုန်သံများ
ထိန်းသိမ်းထား၏………..။

ပူလောင်စပ်ခါး
သိုဝှက်အချစ်
ဖြစ်ချင့်နေလည်း
ရင်ထဲမှာပင်
သိမ်းဆည်းထားမည်
မုန်းမာန်ဝင့်မည်စိုး၍တည်း………

                                         ဒီတူးဆစ်တောင်ငူ

In: ကဗျာ Posted By: Date: Mar 4, 2012
Comment #1

ရေးတတ်သလောက်လေးရေးထားတာပါ……………

commentinfo By: D26 at Mar 4, 2012
Comment #2

good,,,
shae khit sar so tway yae htar ta lo myo,,
shin shin lin lin ne khan sar hmu paw lwin de,,

commentinfo By: ei lay at Mar 5, 2012
Comment #3

ကောင်းတယ်ဗျာ၊ ကြိုက်တယ်

commentinfo By: kantkawmg at Mar 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment