Professional Authors

> *ဒီဇင်ဘာလမ်းခွဲ (ဒီတူးဆစ် တောင်ငူ)

> *ဒီဇင်ဘာလမ်းခွဲ

>
> ဒီဇင်ဘာရေ….
> ဘာကြောင့်များ
> နှုတ်မဆက်ပဲထွက်ခွါ
> ငါ့နှလုံးသားမှာ…
> ဒါဏ်ရာတွေ
> ထားခဲ့ရက်တာလဲ….
> (ဟိုအရင်က)
> မင်းပေးခဲ့တဲ့အေးမြခြင်း
> သာယာခြင်းနဲ့ 
> နံနက်ခင်းတစ်ခု
> လွမ်းမော ဆွတ်ပျံ့ 
> နှင်းငွေ့ သက်နဲ့  ကျီစယ်ခဲ့တဲ့နေ၀င်ချိန်
> ညင်သာစွာ ဆုပ်ကိုင်ခဲ့တဲ့
> မင်းလက်တစ်စုံ
> (မင်းစိတ်ဆိုးတိုင်း)
> ငြူစူတတ်တဲ့
> နှုတ်ခမ်း လှလှလေးတစ်စုံ
>
> သြော်….
> အခုတော့လဲ
> အိပ်မက်ဆန်ဆန်ပျောက်ဆုံး
> ငါ့နှလုံးသားကို
> မင်း နိဂုံးချုပ်သွားရက်တယ်ဒီဇင်ဘာ
>
>
> ဒီတူးဆစ်(တောင်ငူ)
>

In: ကဗျာ Posted By: Date: Mar 4, 2012
Comment #1

ofcourse,,,really cruel

commentinfo By: ei lay at Mar 4, 2012
Comment #2

အိပ်မက်ဆန်ဆန်ပျောက်ဆုံး
ငါ့နှလုံးသားကို
မင်း နိဂုံးချုပ်သွားရက်တယ်ဒီဇင်ဘာ

commentinfo By: kantkawmg at Mar 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment