Professional Authors

ဘယ်မှာလဲ ….? ဒီတူးဆစ် ( တောင်ငူ)

ဘယ်မှာလဲ ….?

ဘယ်မှာလဲ….
မိုးစက်တွေ ကြားထဲမှာ
နွေးထွေးခဲ့တဲ့
မင်း ရဲ့လက်တွေ…..

ဘယ်မှာလဲ….
ဆောင်းနှင်းပွင့်တွေကို
အံတုနိုင်ခဲ့တဲ့
မင်းရဲ့ရင်ခွင်တစ်စုံ….

ဘယ်မှာလဲ…..
ပူလောင်မှု တွေကို
ချွေးသိပ်စေခဲ့တဲ့
မင်းရဲ့ မေတ္တာတရားတွေ..

ဘယ်မှာလဲ…..
ငါတို့ရဲ့
စတော်ဗယ်ရီရောင်
ညနေခင်းတွေ…..
.
ဘယ်မှာလဲ…..
အတူထိုင်ခဲံ့ဖူးတဲ့
ခုံပြာတန်းလေးတွေ……
.
ဘယ်မှာလဲ….
ဟန်ဆောင်လိမ်ညာခဲ့တဲ့
မင်းရဲ့ နှုတ်ခမ်းတစ်စုံ…..

ဘယ်မှာလဲ……
မင်းပြောဖူးခဲ့တဲံ့
အချစ် ဆိုတဲ့အရာတွေ
တကယ်ငါဘာကိုမှ
ပိုင်ဆိုင်ခွင့်မရခဲံ့ပါဘူး…………ချစ်သူ

ဒီတူးဆစ်     ( တောင်ငူ)

In: ကဗျာ Posted By: Date: Mar 4, 2012
Comment #1

oh,,,oh,,,oh,,,
lots of questions?
very good in choice of words.
for all these questions,,,need only 1 answer,,,
everything is up to u.

commentinfo By: ei lay at Mar 4, 2012
Comment #2

ဆန်းတယ်ဗျာ

commentinfo By: kantkawmg at Mar 4, 2012
Comment #3

ဘယ်မှာလဲ…?ဆိုတာ
ဒီတူးဆစ်နဲ့ တူတူ ကျွန်တော်လည်း ဘယ်မှာမှန်းမသိဘူးဗျ

commentinfo By: poem.poem28 at Mar 5, 2012
Comment #4

တစ်ချိန်ချိန်တော့ အဲ့ဒါတွေ ဘယ်မှာလဲဆိုတာ သိလာရမှာပါ……..အားပေးပါတယ်..

commentinfo By: Gipsy Lay at Mar 5, 2012
Comment #5

ဘယ်မှာလဲ…..
ငါတို့ရဲ့
စတော်ဗယ်ရီရောင်
ညနေခင်းတွေ…..
.
ဘယ်မှာလဲ…..
အတူထိုင်ခဲံ့ဖူးတဲ့
ခုံပြာတန်းလေးတွေ……

commentinfo By: zawthetoo at Mar 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment