Professional Authors

မနေ့ကလိုပဲ

ရှေ့တိုးနောက်ဆုတ်
မျှော်လင့်ချက်တွေနဲ့
တနေ့ပြီးတနေ့သာ ကုန်သွားခဲ့
မနေ့ကလို သူငယ်ချင်းလေးပါပဲ

ဝန်မခံဖြစ်တဲ့ ငါ့ခံစားချက်က
ဝန်မခံရဲတဲ့ နင့်ခံစားချက်များလား
ထပ်တူမကျ ခဲ့ပါဘူးဆိုလည်း
ငါ့ဘက်က ပြောင်းလဲ မသွားပါဘူးကွယ်

အချစ်ဆိုတာ ဖွင့်ဟ၀န်ခံခြင်း ၁ခုပါလို့
ငါလက်ခံထားလည်း
အခြေအနေ တွေရယ် ပေးမလာခဲ့
ဒီဝေနာတွေ ငါမြိုသိပ်ထားဆဲပါပဲ

လွမ်းလှိုင်း

In: ကဗျာ Posted By: Date: Jun 24, 2010
Comment #1

ကောင်းပါတယ် စိတ်ထဲကတစ်ချို့အကြောင်းအရာတွေက ကဗျာထက်မှာတည်တယ်ဆိုတာ တကယ်မှန်တယ်နော်

commentinfo By: may at Aug 8, 2010
Comment #2

ကဗျာဆိုတာ စိတ်ရဲ့ ခံစားချက်ပါပဲ ရင်ထဲမှာ ဖြစ်တည်နေတာတွေကို
ရေးချလိုက်တာပါ … ကျေးဇူးတင်ပါတယ်

commentinfo By: lwanhlainge at Aug 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment